


Credit ; Cele Only

ပရိသတ်ကြီးရေ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှ တစ်ဆင့်နာမည်ကြီး လူကြိုက်များလာခဲ့တဲ့ အဆိုတော် အောင်ထက် ဟာ လက်ရှိမှာလဲ အောင်မြင်ကျော်ကြားနေဆဲပါပဲနော်။ အောင်ထက် သီဆိုထားတဲ့ သီချင်းတွေဟာလည်း ယောက်ျားလေးပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေ အနေတွေကြောင့် သီချင်းသီဆိုမူ့တွေ ရပ်နားထားတဲ့ အောင်ထက် ဟာ အခုချိန်မှာလဲ ဂီတအနုပညာအလုပ်တွေကို အနည်းအကျဉ်းပဲ လုပ်ကိုင်လျှက်ရှိပါတယ်။ ဒီကနေ့မှာတော့ အဆိုတော် အောင်ထက် ဟာပရိသတ်တွေကို ရင်ဖွင့်လိုက်ပါတယ်။

ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ မြန်မာနှစ်သစ်ကူးအချိန်အခါမှာ အဆိုတော် အောင်ထက် ဟာ သူတန်ဖိုးထားရတဲ့ မန်းတောင်ရိပ်ခိုဆိုတဲ့ သင်္ကြန်သီချင်းကြီးကို မဆိုဖြစ်လိုက်တဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြလိုက်တာပါ။ ဒါအပြင် ပရိသတ်တွေကိုလဲ မေးခွန်းထုတ်ထားပါသေးတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အောင်ထက် ရဲ့လူမူ့စာမျက်နှာပေါ်မှာ ” သြော် သင်္ကြန်ပွဲတော်ကြီးပြီးသွားပြီ ကျွန်တော်တို့ အလွန်တန်ဖိုးထားသော မန်းတောင်ရိပ်ခို သီချင်းကိုတောင် မဆိုဖြစ်လိုက်ဘူး မိတ်ဆွေတို့ရော??? အားလုံးသောမိသားစုများ မိတ်ဆွေများ နှစ်သစ်မှာ ဘေးကပ် ဆိုးမှန်သမျှ ကင်းစင်ပပျောက်ပြီး ကောင်းခြင်းများစွာရရှိကြပါစေလို့ ကောင်းသောဆုတောင်းမှုပြုလိုက်ပါတယ်ဗျာ “လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် အောင်ထက် လိုပဲ သင်္ကြန်မှာ မလုပ်ဖြစ်လိုက်တဲ့ အရာလေးတွေရှိရင် ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။ အဆုံးထိ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit ; Cele Only