


Credit ; Cele Diary

စည်းစိမ်ချမ်းသာမှုတွေများစွာနဲ့ အောင်မြင်မှုတွေများစွာရရှိထားတာကတော့ စမိုင်းလ်တို့မိသားစုပဲဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာ ပရိသတ်တွေအားကျရတဲ့မိသားစုလေးဖြစ်ပါတယ်။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေများစွာနဲ့အတူ ပရိသတ်တွေသာမက အနုပညာရှင်တွေအချင်းချင်းကပါလေးစားအားကျရတဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာခုချိန်မှာတော့မိသားစုလိုက် အမေရိကားမှာနေထိုင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းလူမှုကွန်ရက်ကနေတော့ ပုံရိပ်လေးတွေခုနောက်ပိုင်းပြန်တင်ပေးလေ့ရှိနေတာပါ။ သူမတို့ပုံရိပ်လေးတွေတိုင်းကိုလည်း အားပေးသူပရိသတ်တွေများစွာရှိနေတာဖြစ်ပါတယ်။ခုမှာလည်း သူမဟာ ပြင်ဦးလွင်မှာ ခန်းနားတဲ့ဟော်တယ်သစ်ကြီးကိုလည်းဖွင့်လှစ်ခဲ့သေးတာပါ။

မနေ့က နှစ်သစ်လေးမှာတော့ နှစ်ဦးကုသိုလ်အဖြစ်ကျမတို့ရဲ့ဟိုတယ်မှာသံဃာတော်များအားပင့်ဖိတ်ပြီး ဘုရားအနေကဇာတင်ခြင်း နေ့ဆွမ်းဆပ်ကပ်ပရိတ်တရားနာခြင်းများပြုလုပ်ခဲ့ပြီးဝန်ထမ်းတွေကိုလည်းနှစ်သစ်မုန့်ဖိုးတွေပေးခဲ့သေးတာပါ။ သူမတို့မပါပေမယ့် အမေဖြစ်သူ၊အမဖြစ်သူတို့နဲ့ပြုလုပ်ခဲ့တဲ့နှစ်ကူးကုသိုလ်နဲ့အတူ ခမ်းနားတဲ့ဟော်တယ်ပုံရိပ်ကြီးကိုလည်း ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Credit ; Cele Diary