


Source – Khin Hlaing
Credit – CeleZone

ပရိသတ်ကြီးရေ ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဝါရင့် ဟာသလူရွှင်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့က ဧပြီလ (၁၇)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ဦးခင်လှိုင်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်ခဲ့တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ခဲ့ပါတယ်။

ခင်လှိုင်ကတော့ မနေ့ကမွေးနေ့ရက်မြတ်လေးမှာ အသက် (၅၅)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ခင်လှိုင်ကတော့ သူ့ရဲ့ မွေးနေ့ရက်မြတ်လေးမှာ မွေးနေအလှူအနေနဲ့ သံဃာတော်တွေကို ဆွမ်းကပ်အလှူလေးကပ်လှူခဲ့တယ်လို့လည်း သိရှိရပါတယ်။ မွေးနေ့ဆွမ်းကပ်အလှူလေးကိုတော့ မန္တလေးမှာပဲ ချစ်ရတဲ့ အမျိုးတွေနဲ့အတူ အညာမြေခြံလေးထဲမှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ခင်လှိုင်ကတော့ အခုလို သူ့ရဲ့မွေးနေ့လေးကို သတိတရနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ ချစ်ရတဲ့ ပရိသတ်တွေ၊ အမျိုးတွေမိတ်ဆွေတွေကိုလည်း ကျေးဇူးတင်စကားပြောကြားထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ခင်လှိုင်ရဲ့ မွေးနေ့မှာကောင်းမှုတွေပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Khin Hlaing
Credit – CeleZone