ပရိတ်သတ်ကြီးရေ….MRTV 4 မှပြသတဲ့ ထာဝရမန္တလေး ဇာတ်လမ်းတွဲမှာ မခင်နှင်းဆီဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် မေမီကျော်ကျော်ကတော့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေအတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ပြီး ဇာတ်လမ်းတွဲ များစွာကို ရိုက်ကူးခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။

ခုနာက်ပိုင်းမှာ ဆိုရင်တော့ မေမီက သရုပ်ဆောင် လုပ်ငန်းတွေကို မလုပ်ကိုင်တော့ပဲ ပြည်ပနိုင်ငံမှာပဲ နေနေတာဖြစ်ပါတယ်နော်။သရုပ်ဆောင် မေမီကျော်ကျော်ကတော့ တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပါဝင်ပြီးလမ်းထွက်ကာ မြန်မာနိုင်ငံအတွက် သူမတတ်နိုင်တဲ့ဘက်က အစွမ်းကုန်ကြိုးစားကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့ပါတယ်နော်။

ပရိတ်သတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ မေမီကျော်ကျော်က အခုတစ်ခါမှာဆိုရင် ချစ်ခင်ပွန်းလေးနဲ့ အတူတူဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့အကြောင်းကို ပုံလေးနဲ့တကွ ပြသလာခကြောင်းကို အခုလိုပဲ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit
Crd-Celebrity Platforms

Zawgyi




Credit