သရုပ်ဆောင် ဘေဘီမောင်ကတော့ သူမထက် အသက်ငယ်ပေမယ့် သူမအပေါ် မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တဲ့ အဆိုတော်သားဂန်းနဲ့ လက်ထပ်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်က တစ်ယောက်နဲ့တစ်ယောက် အသက်အရွယ်ကွာခြားမှုရှိပေမယ့် နားလည်မှုအပြည့်နဲ့ မေတ္တာ တရားတွေလွှမ်းခြုံပြီး ရှေ့ဆက်နေကြတာပဲဖြစ်ပါတယ်။
စိတ်တူကိုယ်တူရှိသလို ရှေ့သွားနောက်လိုက်လည်းညီတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ဟာ အိမ်ထောင်တစ်ခုကို အတူတူတည်ထောင်ရင်း သာယာတဲ့ဘဝတစ်ခုကို ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ ဘေဘီမောင်က သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပျော်စရာကောင်းတဲ့ သတင်းတစ်ခုကို မျှဝေပေး လာခဲ့ပါတယ်။ဒါကတော့ ပရိသတ်တွေအရမ်းသိချင်နေကြတဲ့ဗိုက်ထဲက ခလေးလေးက သားသားလေးလား မီးမီးလေးလား ဆိုတာကို သရုပ်ဆောင်ဘေဘီမောင်က ပြောပြလာတာဖြစ်ပါတယ်။
ဘေဘီမောင်က”ဗိုက်ထဲကဘာလေးလဲတဲ့🤫ဘာလေးလဲဆိုတာသိရပါပြီရှင့်🥰ဖေဖေဂန်းကို မေမေထက်ပိုချွဲမယ့် မီးမီးလေးပါရှင့်🥰” ဆိုပြီး ပြောပြလာတာဖြစ်ပါတယ်။ ဘေဘီမောင်ရဲ့ ရင်သွေးလေးက မေမေချောဖေဖေရော အေချာတွေစုုပြီး အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်နေမှာ‌ေတော့ အသေအချာပါပဲနော်။ ဘေဘီမောင်တစ်ယောက် ရင်သွေးလေးကို လွယ်ကူချောမွေ့စွာ မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit ;SLP ( Celebrity Platforms )
Zawgyi