မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင်တော့ မသိသူမရှိလောက်‌အောင် လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာသာမကဘဲ ထိုင်းနိုင်ငံ မှာ ပါရေပန်းစားတဲ့ မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။ မင်းသားချော ပိုင်တံခွန် ကတော့ အနေအထိုင်အေးဆေးပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်သူတစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။
ပိုင်တံခွန် ကတော့ သူ့ရဲ့အမိုက်စားခန္ဓာကိုယ် နဲ့ အရမ်းလန်းတဲ့ တက်တူးတွေကြောင့်လည်း နိုင်ငံတကာက ပရိသတ်တွေရဲ့ အာရုံစိုက်ခံရတယ် ဆိုလည်း မမှားပါဘူး။ ပိုင်တံခွန်ကတော့ ဘယ်လိုပင် ကျော်ကြားအောင်မြင်နေပေမယ့် အမြဲပရိသတ်တွေ၊ လူကြီးသူမတွေအပေါ်မှာ ရို့ကျိုးကာ လူမှုဆက်ဆံရေး ကောင်းမွန်ယဉ်ကျေးတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ပရိသတ်ကို အမြဲဦးစားပေးတဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာလည်း ပရိသတ်တောင်းဆိုထားတဲ့ အတိုင်း သူရဲ့ နှုတ်ခမ်းမွှေးနဲ့ မုတ်ဆိတ်မွှေးလေးတွေကို ရိတ်လိုက်တာပဲ ဖြစ်ပါတယ်။ ” ပရိတ်သတ်တွေ ပူဆာလို့ 😐” လို့ဆိုတဲ့ စာသားလေးနဲ့အတူ Video လေးကို မျှဝေလာတာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းမွှေးတွေ ရိတ်ပြီးသွားတဲ့အခါမှာတော့ ကိုပိုင်ရဲ့ သန့်ပြန့်နေမှုက အခါခါ ပြန်ကြည့်ရတဲ့ထိက်ို ကြွေချင်စရာ ကောင်းနေတာပဲ ဖြစ်ပါတယ်။
Photo Credit & Source: Paing Takhon’s FB Acc
Credit ; MMLoad
Zawgyi
Credit ; MMLoad