အရင်ခေတ် တစ်ချိန်ထဲက TV ဖန်သားပြင် ထက်မှာ ရယ်စရာ ဟာသပြတ်လုံးတွေနဲ့ ဟာသဉာဏ်ရွှင်မှုတွေ အပြင် ဟန်ပန် အမူအရာတွေ ကြောင့် ယနေ့အချိန်ထိ ပရိသတ်တွေ အမြဲအမှတ်ရနေတဲ့ ဝါရင့် ဟာသ လူရွှင်တော်ကတော့ ဦးမိုးဒီပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေ ကလည်း ဦးမိုးဒီကို ချစ်ကြလို့ သူရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်မျှော်နေကြဆဲပါ ။

လူရွှင်တော် မိုးစက်ဆိုရင်လည်း လတ်တလောမှာ အကြောင်း အမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေတဲ့ အနုပညာသမား တွေကို တစ်ဖက် တစ်လမ်းကနေ ကူညီ လှူဒါန်းမှုတွေ ပြုလုပ် ပေးနေတာကြောင့် ပရိသတ် အားပေး ချစ်ခင်နေကြတဲ့ အနုပညာရှင်လေး ဖြစ်ပါတယ်။

လတ်တလော မှာတော့ မိုးစက်က ဦးမိုးဒီရဲ့ အမှတ်တမဲ့ ဖြစ်သွားတဲ့ ရယ်စရာ အလွဲလေး တစ်ခုကို ပုံလေးနဲ့ တကွ ” မေ့တတ်လိုက်ပုံများ …. ဟိုတယ် က သဘက်ကို ရေချိုးပြီး ပါတ်ထားချိန် အောက်က လာကြိုတဲ့ ကားရောက်နေပြီ ဆိုတော့ ကပြာကယာ အကျႌ ဝတ် ၊ပုဆိုးဝတ်ပြီး ထွက်လာ ခဲ့ကြရော ။ ဟော ….အခုတော့ မန်းလေး ဟိုတယ် က သဘက် ရန်ကုန် အထိ ဖေကြီး ဦးမိုးဒီ ဆီမှာ ပါလာပါပြီ ။ပါလာမှန်း မသိခင် အထိ ဘေးကနေ ကပ်ကြွားနေသေးတယ်။ သား ..ဖေကြီးပုဆိုးက အသားအရမ်းထူတာ…” တဲ့ ။” ခုလို ရေးသားဖော်ပြ ထားရာ ပြန်လည် ဝေမျှ ပေးလိုက် ပါတယ်။

Credit – Cele Zone

Photo – Moe Sat

Zawgyi

အရင္ေခတ္ တစ္ခ်ိန္ထဲက TV ဖန္သားျပင္ ထက္မွာ ရယ္စရာ ဟာသျပတ္လုံးေတြနဲ႔ ဟာသဉာဏ္ရႊင္မႈေတြ အျပင္ ဟန္ပန္ အမူအရာေတြ ေၾကာင့္ ယေန႔အခ်ိန္ထိ ပရိသတ္ေတြ အျမဲအမွတ္ရေနတဲ့ ဝါရင့္ ဟာသ လူရႊင္ေတာ္ကေတာ့ ဦးမိုးဒီပဲ ျဖစ္ပါတယ္ ။ ပရိသတ္ေတြ ကလည္း ဦးမိုးဒီကို ခ်စ္ၾကလို႔ သူရဲ့ လႈပ္ရွားမႈတိုင္းကို ေစာင့္ေမၽွာ္ေနၾကဆဲပါ ။

လူရႊင္ေတာ္ မိုးစက္ဆိုရင္လည္း လတ္တေလာမွာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲ ျဖစ္ေနတဲ့ အႏုပညာသမား ေတြကို တစ္ဖက္ တစ္လမ္းကေန ကူညီ လႉဒါန္းမႈေတြ ျပဳလုပ္ ေပးေနတာေၾကာင့္ ပရိသတ္ အားေပး ခ်စ္ခင္ေနၾကတဲ့ အႏုပညာရွင္ေလး ျဖစ္ပါတယ္။

လတ္တေလာ မွာေတာ့ မိုးစက္က ဦးမိုးဒီရဲ့ အမွတ္တမဲ့ ျဖစ္သြားတဲ့ ရယ္စရာ အလြဲေလး တစ္ခုကို ပုံေလးနဲ႔ တကြ ” ေမ့တတ္လိုက္ပုံမ်ား …. ဟိုတယ္ က သဘက္ကို ေရခ်ိဳးၿပီး ပါတ္ထားခ်ိန္ ေအာက္က လာႀကိဳတဲ့ ကားေရာက္ေနၿပီ ဆိုေတာ့ ကျပာကယာ အက်ႌ ဝတ္ ၊ပုဆိုးဝတ္ၿပီး ထြက္လာ ခဲ့ၾကေရာ ။ ေဟာ ….အခုေတာ့ မန္းေလး ဟိုတယ္ က သဘက္ ရန္ကုန္ အထိ ေဖႀကီး ဦးမိုးဒီ ဆီမွာ ပါလာပါၿပီ ။ပါလာမွန္း မသိခင္ အထိ ေဘးကေန ကပ္ႂကြားေနေသးတယ္။ သား ..ေဖႀကီးပုဆိုးက အသားအရမ္းထူတာ…” တဲ့ ။” ခုလို ေရးသားေဖာ္ၿပ ထားရာ ျပန္လည္ ေဝမၽွ ေပးလိုက္ ပါတယ္။

Credit – Cele Zone

Photo – Moe Sat