ပရိသတ်​ကြီးရေ တွင်ကယ်လ် လို့ဆိုလိုက်တာနဲ့ သူမရဲ့ သီချင်းလေးတွေကို တန်းပြီး ရေရွတ်မိတဲ့ထိ နာမည်ကြီး ခဲ့တဲ့ အဆိုတော်တစ်ဦးပါ။ သူမအနေနဲ့ အနုပညာ အလုပ်ကို ၁၆နှစ်ထဲက စတင် လုပ်ကိုင်ခဲ့ပြီး အသက် ၁၈နှစ်မှာ ရှင်နော်အခွေ အပိုင် ရမှပေးမယ် သီချင်းနဲ့ အခွေ စတင် ထွက်ရှိနေပြီ ဖြစ်တဲ့ တွင်ကယ်လ် ကတော့ အချိန်အကြာကြီး အနုပညာ လောကက ပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းကို အခုလိုပဲ ပြောပြ လာခဲ့တာ​ပါ။

” တွင်ကယ်လ် ၂၄နှစ်မှာအိမ်ထောင်ကျပြီး အမေရိကား လိုက်သွားဖို့ စာရွက်စာတမ်း စောင့်ရတဲ့အချိန်မှာ အပေါင်းအသင်း မှားတယ် ။ ကိုယ့်ကိုယ်ကိုယ် မရင့်ကျက်သေးတဲ့ အချိန်မှာ တွင်လ်ကယ်လ် မကောင်းတဲ့ ကျေးကျွန် မူးယစ်ကျေးကျွန်နဲ့ အရက်ကျေးကျွန်မှာ နစ်မြုပ် သွားခဲ့ပါတယ်။ အိမ်ထောင်ကျလို့ အမေရိကား သွားလိုက်သွားတဲ့ အချိန်မှာလည်း ဒါကြီးက ကပ်ပါလာတဲ့ အခါမှာ ဒါကြီးက နတ်ဆိုး ဝဋ်ဉာဥ် ဆိုး တွေကအရမ်းစေခိုင်းလို့ ရတယ်။မကောင်းတဲ့ အရာတွေ လုပ်တဲ့အခါမှာ မကောင်းတဲ့ ဘက်ကပိုပြီးတော့ အားသာတယ်။ကောင်းတဲ့အရာ လုပ်တဲ့အခါ ကောင်းတဲ့ တမန်လေးတွေက ကိုယ့်ကို စောင့်ရှောက်တယ်။အာ့ကနေ အိမ်ထောင်ကျတာ ၂နှစ်မှာ ပြိုပျက်သွားတယ်။ ရန်ကုန် ပြန်ရောက်တော့လည်း ဒီဟာကိုပဲ ဆက်လုပ်ဖြစ်တယ်။ ၁၀နှစ်လောက် ထပ်သုံးသေးတယ်။

“နောက်လ ဂျွန်လိုင် ၁၉ရက်နေ့ဆို လွတ်မြောက်ခဲ့တာ ၃နှစ်ပြည့်ပါပြီ။နောင်တရပါတယ် ။နောင်တရတယ် ဆိုတာ တွင်ကယ်လ်က အချိန်တွေ အရမ်း ကုန်ခဲ့တယ်။တွင်ကယ်လ်ကြောင့် မိသားစုတွေ အရမ်း စ်တ်ဆင်းရဲခဲ့ရပါတယ်။ငါလုပ်တာပဲ သူတို့နဲ့မဆိုင်ဘူး ကိုယ်ဖြစ်ကိုယ်ခံ ဆိုပေမယ့် ကိုယ့်ကိုယ်ကို မိုက်ရူးရဲခဲ့တယ်။တွင််လ်ကယ်လ် လုပ်ပေမယ့် တွင်လ်ကယ် မိသားစုတွေ စိတ်ပူနေရတယ် ညကောင်းကောင်း မအိပ်ပျော်ဘူး ။ဘယ်ချိန် ထွက်သွားမလဲ ဘယ်သူများ ရိုက်သတ်လိုက်မလဲ။ဘယ်ချိန် မူးယစ်ဆေးကြောင့်သေနေမလဲ မိသာစစုတွေအတွက် ကိုယ်လုပ်တယ် ဆိုပေမယ့် သူတို့အတွက်က ၁၄နှစ်လုံး ဒဏ်ခံရတယ်။ ယုံကြည်မှု ကင်းမဲ့ခြင်းခံရတယ်။ကိုယ်ခက်ခက်ခဲခဲ ငယ်ငယ်ထဲ တည်ဆောက် ထားတဲ့ အနုပညာ အားလုံးက ဒီမူးယစ်ဆေး ကြောင့် ဘာမှ မလုပ်နိုင်တော့ဘူး။ပရိသတ်တွေနဲ့ လည်းဝေးသွားတာပေါ့”ဆိုကာ မူးယစ်​ ကျွေးကျွန်မှာ နစ်မြုပ်နေတဲ​့လူငယ်တွေကို သူမကိုယ်ပဲ ဥပမာ ယူဖို့ ပြောကြား လာခဲ့တာပါ။အားနာလို့ စမ်းရမယ့် အထဲမှာ မူးယစ်ဆေး မပါဘူးလို့ အကြံပေး ပြောပြ လာခဲ့တာပါ။

ဘဝအသစ် ပြန်စကာ မူးယစ်ကျွေးကျွန်ထဲက ရုန်းထွက်ပြီး အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ့် တွင်လ်ကယ်လ် အတွက် အားပေးစကား ပြောခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Koe-CeleGabar
Source-CeleGabar
Photo Credit -CeleGabar
Crd-CeleGabar

Zawgyi

ပရိသတ္​ႀကီးေရ တြင္ကယ္လ္ လို႔ဆိုလိုက္တာနဲ႔ သူမရဲ့ သီခ်င္းေလးေတြကို တန္းၿပီး ေရရြတ္မိတဲ့ထိ နာမည္ႀကီး ခဲ့တဲ့ အဆိုေတာ္တစ္ဦးပါ။ သူမအေနနဲ႔ အႏုပညာ အလုပ္ကို ၁၆ႏွစ္ထဲက စတင္ လုပ္ကိုင္ခဲ့ၿပီး အသက္ ၁၈ႏွစ္မွာ ရွင္ေနာ္အေခြ အပိုင္ ရမွေပးမယ္ သီခ်င္းနဲ႔ အေခြ စတင္ ထြက္ရွိေနၿပီ ျဖစ္တဲ့ တြင္ကယ္လ္ ကေတာ့ အခ်ိန္အၾကာႀကီး အႏုပညာ ေလာကက ေပ်ာက္ကြယ္သြားရတဲ့ အေၾကာင္းအရင္းကို အခုလိုပဲ ေျပာၿပ လာခဲ့တာ​ပါ။

” တြင္ကယ္လ္ ၂၄ႏွစ္မွာအိမ္ေထာင္က်ၿပီး အေမရိကား လိုက္သြားဖို႔ စာရြက္စာတမ္း ေစာင့္ရတဲ့အခ်ိန္မွာ အေပါင္းအသင္း မွားတယ္ ။ ကိုယ့္ကိုယ္ကိုယ္ မရင့္က်က္ေသးတဲ့ အခ်ိန္မွာ တြင္လ္ကယ္လ္ မေကာင္းတဲ့ ေက်းကၽြန္ မူးယစ္ေက်းကၽြန္နဲ႔ အရက္ေက်းကၽြန္မွာ နစ္ျမဳပ္ သြားခဲ့ပါတယ္။ အိမ္ေထာင္က်လို႔ အေမရိကား သြားလိုက္သြားတဲ့ အခ်ိန္မွာလည္း ဒါႀကီးက ကပ္ပါလာတဲ့ အခါမွာ ဒါႀကီးက နတ္ဆိုး ဝဋ္ဉာဥ္ ဆိုး ေတြကအရမ္းေစခိုင္းလို႔ ရတယ္။မေကာင္းတဲ့ အရာေတြ လုပ္တဲ့အခါမွာ မေကာင္းတဲ့ ဘက္ကပိုၿပီးေတာ့ အားသာတယ္။ေကာင္းတဲ့အရာ လုပ္တဲ့အခါ ေကာင္းတဲ့ တမန္ေလးေတြက ကိုယ့္ကို ေစာင့္ေရွာက္တယ္။အာ့ကေန အိမ္ေထာင္က်တာ ၂ႏွစ္မွာ ၿပိဳပ်က္သြားတယ္။ ရန္ကုန္ ျပန္ေရာက္ေတာ့လည္း ဒီဟာကိုပဲ ဆက္လုပ္ျဖစ္တယ္။ ၁၀ႏွစ္ေလာက္ ထပ္သုံးေသးတယ္။

“ေနာက္လ ဂၽြန္လိုင္ ၁၉ရက္ေန႔ဆို လြတ္ေျမာက္ခဲ့တာ ၃ႏွစ္ျပည့္ပါၿပီ။ေနာင္တရပါတယ္ ။ေနာင္တရတယ္ ဆိုတာ တြင္ကယ္လ္က အခ်ိန္ေတြ အရမ္း ကုန္ခဲ့တယ္။တြင္ကယ္လ္ေၾကာင့္ မိသားစုေတြ အရမ္း စ္တ္ဆင္းရဲခဲ့ရပါတယ္။ငါလုပ္တာပဲ သူတို႔နဲ႔မဆိုင္ဘူး ကိုယ္ျဖစ္ကိုယ္ခံ ဆိုေပမယ့္ ကိုယ့္ကိုယ္ကို မိုက္႐ူးရဲခဲ့တယ္။တြင္္လ္ကယ္လ္ လုပ္ေပမယ့္ တြင္လ္ကယ္ မိသားစုေတြ စိတ္ပူေနရတယ္ ညေကာင္းေကာင္း မအိပ္ေပ်ာ္ဘူး ။ဘယ္ခ်ိန္ ထြက္သြားမလဲ ဘယ္သူမ်ား ရိုက္သတ္လိုက္မလဲ။ဘယ္ခ်ိန္ မူးယစ္ေဆးေၾကာင့္ေသေနမလဲ မိသာစစုေတြအတြက္ ကိုယ္လုပ္တယ္ ဆိုေပမယ့္ သူတို႔အတြက္က ၁၄ႏွစ္လုံး ဒဏ္ခံရတယ္။ ယုံၾကည္မႈ ကင္းမဲ့ျခင္းခံရတယ္။ကိုယ္ခက္ခက္ခဲခဲ ငယ္ငယ္ထဲ တည္ေဆာက္ ထားတဲ့ အႏုပညာ အားလုံးက ဒီမူးယစ္ေဆး ေၾကာင့္ ဘာမွ မလုပ္နိုင္ေတာ့ဘူး။ပရိသတ္ေတြနဲ႔ လည္းေဝးသြားတာေပါ့”ဆိုကာ မူးယစ္​ ေကၽြးကၽြန္မွာ နစ္ျမဳပ္ေနတဲ​့လူငယ္ေတြကို သူမကိုယ္ပဲ ဥပမာ ယူဖို႔ ေျပာၾကား လာခဲ့တာပါ။အားနာလို႔ စမ္းရမယ့္ အထဲမွာ မူးယစ္ေဆး မပါဘူးလို႔ အႀကံေပး ေျပာၿပ လာခဲ့တာပါ။

ဘဝအသစ္ ျပန္စကာ မူးယစ္ေကၽြးကၽြန္ထဲက ႐ုန္းထြက္ၿပီး အႏုပညာအလုပ္ေတြ ျပန္လုပ္ေတာ့မယ့္ တြင္လ္ကယ္လ္ အတြက္ အားေပးစကား ေျပာခဲ့ၾကပါဦး ပရိသတ္ႀကီးေရ။

Koe-CeleGabar
Source-CeleGabar
Photo Credit -CeleGabar
Crd-CeleGabar