ပရိသတ်ကြီးရေ အသက် (၃၀) ကျော်တဲ့ အထိ နုပျိုလှပပြီး မြင်သူတကာ ငေးမော ရလောက်အောင် ဆွဲဆောင်မှု ရှိနေသူ လေးကတော့ မင်းသမီး ချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်။သူမကတော့ အနုပညာ လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်လက် ဖြစ်ပါတယ်။ ဇာတ်ကားတိုင်း လိုလို အပိုလိုမရှိ ကွက်တိ သရုပ်ဆောင် နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေက ချစ်နေကြတာ ဖြစ်ပါတယ်…။

အေးမြတ်သူမှာ ချစ်သူ ကောင်လေးရှိပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍန် ကိုတော့ တော်ရုံ ထုတ်ပြလေ့ မရှိပါဘူးနော်။ မကြာခင်မှာ လက်ထပ်တော့မယ်လို့ ကြေငြာနေတာ ကြောင့် ပရိသတ်တွေက အေးမြတ်သူရဲ့ ချစ်သူလေးကို အရမ်း သိချင်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အေးမြတ်သူက မကြာသေးမီ ကဘဲ စစ်တပ်က ဗိုလ်ကြီး နဲ့ ချစ်သူတွေ ဖြစ်နေတာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မှု ပြင်းထန်စွာ ခံနေရတာလည်း ဖြစ်ပါတယ်။

အေးမြတ်သူ ကတော့ ဝေဖန်မှု တွေကို ဂရုမစိုက်ဘဲ ဒီနေ့မှာတော့ ချစ်သူဖြစ်တဲ့ ဗိုလ်ကြီး နဲ့ စုံတွဲ ပုံလေးတွေကို တရားဝင် ချပြလာတာလည်း ဖြစ်ပါတယ်။ ပရိတ်သတ်ကြီး အတွက် ပြန်လည် ဖော်ပြ ပေးလိုက်ရပါတယ်နော်။

Credit
Crd-Celebrity Platforms

Zawgyi




Credit