ပရိသတ်ကြီးရေ ဆရာဂျွန်လွင် ကတော့ International Modeling Agency ရဲ့ ပဲ့ကိုင်ရှင် တစ်ဦး ဖြစ်ပြီး အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင်တွေ ထွက်ပေါ်လာအောင် သင်ကြားပေးနိုင်တဲ့ သူတစ်ဦးပါ။ အရေးကြီးတဲ့ ထိပ်တန်း အနုပညာပွဲ တွေမှာလည်း ဆရာဂျွန်လွင်ဟာ မပါမဖြစ် ပါဝင်ရသူ တစ်ဦးဖြစ်ပြီး အကြင်နာ ထွန်းကားရေး​ နာမည်လေးနဲ့ လိုအပ်တဲ့ နေရာတွေမှာ အစွမ်းကုန် လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ”my donation#for people who need help 2500000ks ယနေ့ ၂၆.၅.၂၀၁၆ နေ့တွင် ဓမ္မဝိဟာရီ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တွဲဘက် မောင်းတောင် ကျေးရွာ ကျိုက်ထိုမြို့ ကျော်တော်အတွက် လိုအပ်သော ပရိဘောဂ ပစ္စည်း ငွေကျပ် ကိုးသိန်း (၉၀၀၀၀၀) တိတိ နှင့် ကျော်တော်အတွင်း၊ အပြင် သောက်ရေ သုံးရေ များအတွက် ရေတွင်း ရေကန် ဆောက်လုပ်ရန် အတွက် လိုအပ်သော ငွေကျပ် ၁၅သိန်း (၁၅၀၀၀၀၀) တိတိကို စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် လှုတန်းမှု ပြုလုပ်ခဲ့ပါတယ်။

ထိုသို့သော လှုတန်းမှုများဟာ ကျွန်တော် တစ်ယောက် တည်း၏ လုပ်အားခများသာ မဟုတ်ပဲ ကျွန်တော်၏ ဝန်ထမ်းများ/မိသားစုဝင်များ/ကျွန်တော့်ကို ယုံကြည်စွာ အလုပ်အပ်နှံကြသော လုပ်ငန်းရှင် ထမင်းရှင်များ၏ ပံ့ပိုးမှု ကြောင့်လှုတန်းနိူင်ခြင်း ဖြစ်ပါသည်။ထိုကောင်းမှု့ အစုစု တို့ကိုလည်း ကျွန်တော်နှင့် ထပ်တူ ထပ်မျှ အကျိုးရကြပါစေ……အမျှ ..အမျှ…အမျှ….သာဓု…သာဓု…သာဓု…ပါခင်ဗျာ …. လေးစားစွာ ဖြင့် JOHN LWIN (STARS &MODELS INT”L) (STARS EVENT PRODUCTION ) #johnlwindonation# အကြင်နာတရား ထွန်းကားရေး”ဆိုတဲ့ စာလေးနဲ့ လှူဒါန်းမှုလေးကို ပြောပြလာခဲ့တာပါ။ မနက်​အစောမှာ ကျက်သရေရှိလှတဲ့ လှူဒါန်းမှု ကုသိုလ်တွေကို မျှဝေခဲ့တဲ့ ဂျွန်လွင်ရဲ့အလှူအတွက် သာဓုခေါ် မုဒိတာပွားခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Koe- CeleGabar
Source- jhonlwin
Crd-CeleGabar

Zawgyi

ပရိသတ္ႀကီးေရ ဆရာဂၽြန္လြင္ ကေတာ့ International Modeling Agency ရဲ့ ပဲ့ကိုင္ရွင္ တစ္ဦး ျဖစ္ၿပီး ေအာင္ျမင္ ေက်ာ္ၾကားတဲ့ အႏုပညာရွင္ေတြ ထြက္ေပၚလာေအာင္ သင္ၾကားေပးနိုင္တဲ့ သူတစ္ဦးပါ။ အေရးႀကီးတဲ့ ထိပ္တန္း အႏုပညာပြဲ ေတြမွာလည္း ဆရာဂၽြန္လြင္ဟာ မပါမျဖစ္ ပါဝင္ရသူ တစ္ဦးျဖစ္ၿပီး အၾကင္နာ ထြန္းကားေရး​ နာမည္ေလးနဲ႔ လိုအပ္တဲ့ ေနရာေတြမွာ အစြမ္းကုန္ လႉဒါန္းေနတာပဲ ျဖစ္ပါတယ္။

ဒီေန႔မွာလည္း ”my donation#for people who need help 2500000ks ယေန႔ ၂၆.၅.၂၀၁၆ ေန႔တြင္ ဓမၼဝိဟာရီ ဘုန္းေတာ္ႀကီးသင္ ပညာေရး ေက်ာင္း တြဲဘက္ ေမာင္းေတာင္ ေက်းရြာ က်ိဳက္ထိုၿမိဳ႕ ေက်ာ္ေတာ္အတြက္ လိုအပ္ေသာ ပရိေဘာဂ ပစၥည္း ေငြက်ပ္ ကိုးသိန္း (၉၀၀၀၀၀) တိတိ ႏွင့္ ေက်ာ္ေတာ္အတြင္း၊ အျပင္ ေသာက္ေရ သုံးေရ မ်ားအတြက္ ေရတြင္း ေရကန္ ေဆာက္လုပ္ရန္ အတြက္ လိုအပ္ေသာ ေငြက်ပ္ ၁၅သိန္း (၁၅၀၀၀၀၀) တိတိကို ေစတနာ သဒၵါတရား ထက္သန္စြာျဖင့္ လႈတန္းမႈ ျပဳလုပ္ခဲ့ပါတယ္။

ထိုသို႔ေသာ လႈတန္းမႈမ်ားဟာ ကၽြန္ေတာ္ တစ္ေယာက္ တည္း၏ လုပ္အားခမ်ားသာ မဟုတ္ပဲ ကၽြန္ေတာ္၏ ဝန္ထမ္းမ်ား/မိသားစုဝင္မ်ား/ကၽြန္ေတာ့္ကို ယုံၾကည္စြာ အလုပ္အပ္ႏွံၾကေသာ လုပ္ငန္းရွင္ ထမင္းရွင္မ်ား၏ ပံ့ပိုးမႈ ေၾကာင့္လႈတန္းနိူင္ျခင္း ျဖစ္ပါသည္။ထိုေကာင္းမႈ႔ အစုစု တို႔ကိုလည္း ကၽြန္ေတာ္ႏွင့္ ထပ္တူ ထပ္မၽွ အက်ိဳးရၾကပါေစ……အမၽွ ..အမၽွ…အမၽွ….သာဓု…သာဓု…သာဓု…ပါခင္ဗ်ာ …. ေလးစားစြာ ျဖင့္ JOHN LWIN (STARS &MODELS INT”L) (STARS EVENT PRODUCTION ) #johnlwindonation# အၾကင္နာတရား ထြန္းကားေရး”ဆိုတဲ့ စာေလးနဲ႔ လႉဒါန္းမႈေလးကို ေျပာျပလာခဲ့တာပါ။ မနက္​အေစာမွာ က်က္သေရရွိလွတဲ့ လႉဒါန္းမႈ ကုသိုလ္ေတြကို မၽွေဝခဲ့တဲ့ ဂၽြန္လြင္ရဲ့အလႉအတြက္ သာဓုေခၚ မုဒိတာပြားခဲ့ၾကပါဦး ပရိသတ္ႀကီးေရ။

Koe- CeleGabar
Source- jhonlwin
Crd-CeleGabar