ပရိသတ်ကြီး တစ်ခေတ်တစ်ခါထဲက ပရိသတ်တွေ သည်းသည်းလှုပ် ဝန်းရံ အားပေးကြတဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက် ဖြစ်တဲ့ ပိုင်ဇေရဲထွန်း ကတော့ အခုချိန်ထိ ပရိသတ် အားပေးမှု ရရှိထားဆဲ မင်းသားတစ်လက် ပါ။ သူ့ရဲ့ ချစ်ဇနီးချောလေး ဇင်သဲနိုင်ဟာ ဆိုရင်လည်း မင်းသမီး တစ်ယောက်လို ချောမော လှပမှုတွေ ပိုင်ဆိုင်ထားတဲ့ အပြင် အိမ်မှုကိစ္စတွေ အပြင် ကိတ်မုန့် လုပ်ငန်းကိုလည်း ကိုယ်တိုင် ဦးဆောင်ပြုလုပ် လုပ်ကိုင် နေသူပါ။

ဒီနေ့ ကျရောက်တဲ့ မေလ၂၅ရက် ​ေန့မှာတော့ ပိုင်ဇေရဲထွန်းရဲ့ ၄၅နှစ်ပြည့်မွေးနေ့အတွက်”Happy 45th Birthday Ko Ko ဒီထက်မက စိတ်ရော လူရော နုပျိုနိုင်ပါစေ စိတ်ထဲက တောင့်တသမျှတွေ အမြန်ဆုံးပြည့်ပါစေ မွေးနေ့နဲ့ တစ်ရက်ထဲ ကျခဲ့တဲ့ Anniversary မို့ အိမ်ထောင်သက်လည်း (၁၇) နှစ်ပြည့်ခဲ့ပြီ…မွေးနေ့ကို တူတူ ဖြတ်သန်းလာတာလည်း ၁၇နှစ် ရှိခဲ့ပြီ မနေ့တနေ့ကလိုပဲ ချစ်ပါတယ် ယောက်ျားရေ” ဆိုတဲ့ စာလေးနဲ့ ဆုမွန်ကောင်း တောင်းကာ ပုံလေးတွေ တင်လာခဲ့တာပါ။

ပရိသတ်တွေလည်း ၄၅နှစ်လို့တောင် မထင်ရတဲ့ ပိုင်ဇေရဲထွန်းအတွက် မွေးနေ့ ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါဦးနော်။

Koe-CeleGabar
Soure -ZinThaeNaing
Crd-CeleGabar

Zawgyi


ဒီနေ့ ကျရောက်တဲ့ မေလ၂၅ရက် ​နေ့မှာတော့ ပိုင်ဇေရဲထွန်းရဲ့ ၄၅နှစ်ပြည့်မွေးနေ့အတွက်”Happy 45th Birthday Ko Ko ဒီထက်မက စိတ်ရော လူရော နုပျိုနိုင်ပါစေ စိတ်ထဲက တောင့်တသမျှတွေ အမြန်ဆုံးပြည့်ပါစေ မွေးနေ့နဲ့ တစ်ရက်ထဲ ကျခဲ့တဲ့ Anniversary မို့ အိမ်ထောင်သက်လည်း (၁၇) နှစ်ပြည့်ခဲ့ပြီ…မွေးနေ့ကို တူတူ ဖြတ်သန်းလာတာလည်း ၁၇နှစ် ရှိခဲ့ပြီ မနေ့တနေ့ကလိုပဲ ချစ်ပါတယ် ယောက်ျားရေ” ဆိုတဲ့ စာလေးနဲ့ ဆုမွန်ကောင်း တောင်းကာ ပုံလေးတွေ တင်လာခဲ့တာပါ။


Koe-CeleGabar
Soure -ZinThaeNaing
Crd-CeleGabar