MRTV – 4 မင်းသမီး တစ်လက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းဟာ ပဉ္စလက်ရွာ၊ အရိပ်၊ ကျွန်တော်အမုန်းဆုံးကျွန်တော် စတဲ့ ဇာတ်လမ်းတွဲ တွေနဲ့ အောင်မြင်မှု ရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက သရုပ်ဆောင် တစ်ယောက်ပီပီ ဇာတ်လမ်းဇာတ်ရုပ် မျိုးစုံကို သရုပ်ဆောင်ခဲ့သလို သူမရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက် တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

လူငယ် တစ်ယောက်ပီပီ အမြဲတမ်း အသစ်အဆန်းတွေ လေ့လာ သင်ယူဖြစ်နေတဲ့ နန်းစန္ဒာလှထွန်းက လတ်တလောမှာလည်း ပညာရပ် အသစ် တစ်ခုကို စိတ်ပါဝင်စားစွာ သင်ယူနေလျက် ရှိပါတယ်။ နန်းစန္ဒာလှထွန်း ကတော့ ရိုက်ကူးရေး အလုပ်တွေ အားလပ်ချိန်မှာ စက်ချုပ်ပညာကို သင်ယူနေလျက် ရှိပြီး သူမကိုယ်တိုင် အဝတ်အထည်လေးတွေ ချုပ်လုပ်တတ်ဖို့ လေ့လာနေတာပဲ ဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်း ကတော့ ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရလို့ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ နန်းနန်း တစ်ယောက် ဝါသနာပါတဲ့ အလုပ်တွေကို အမြဲတမ်း လေ့လာသင်ယူနိုင်ပြီး အောင်မြင်မှုတွေ များစွာ ရရှိနိုင်ပါစေနော်။

Source: Nan Sandar Hla Htun ‘s fb
Crd-Cele Active World

Zawgyi

MRTV – 4 မင္းသမီး တစ္လက္ျဖစ္တဲ့ နန္းစႏၵာလွထြန္းဟာ ပဥၥလက္ရြာ၊ အရိပ္၊ ကၽြန္ေတာ္အမုန္းဆုံးကၽြန္ေတာ္ စတဲ့ ဇာတ္လမ္းတြဲ ေတြနဲ႔ ေအာင္ျမင္မႈ ရရွိခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ နန္းစႏၵာလွထြန္းက သ႐ုပ္ေဆာင္ တစ္ေယာက္ပီပီ ဇာတ္လမ္းဇာတ္႐ုပ္ မ်ိဳးစုံကို သ႐ုပ္ေဆာင္ခဲ့သလို သူမရဲ့ ပီျပင္လွတဲ့ သ႐ုပ္ေဆာင္ခ်က္ ေတြေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရွိထားသူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။

လူငယ္ တစ္ေယာက္ပီပီ အျမဲတမ္း အသစ္အဆန္းေတြ ေလ့လာ သင္ယူျဖစ္ေနတဲ့ နန္းစႏၵာလွထြန္းက လတ္တေလာမွာလည္း ပညာရပ္ အသစ္ တစ္ခုကို စိတ္ပါဝင္စားစြာ သင္ယူေနလ်က္ ရွိပါတယ္။ နန္းစႏၵာလွထြန္း ကေတာ့ ရိုက္ကူးေရး အလုပ္ေတြ အားလပ္ခ်ိန္မွာ စက္ခ်ဳပ္ပညာကို သင္ယူေနလ်က္ ရွိၿပီး သူမကိုယ္တိုင္ အဝတ္အထည္ေလးေတြ ခ်ဳပ္လုပ္တတ္ဖို႔ ေလ့လာေနတာပဲ ျဖစ္ပါတယ္။

နန္းစႏၵာလွထြန္း ကေတာ့ ဝါသနာပါတဲ့ အလုပ္ကို လုပ္ေနရလို႔ ေပ်ာ္ရႊင္ေနတာပဲ ျဖစ္ပါတယ္။ နန္းနန္း တစ္ေယာက္ ဝါသနာပါတဲ့ အလုပ္ေတြကို အျမဲတမ္း ေလ့လာသင္ယူနိုင္ၿပီး ေအာင္ျမင္မႈေတြ မ်ားစြာ ရရွိနိုင္ပါေစေနာ္။

Source: Nan Sandar Hla Htun ‘s fb
Crd-Cele Active World