ပရိသတ်ကြီးရေ မြတ်သူသူ ကတော့ သူ့ရဲ့ကျန်းမာရေး အခြေနေတွေကြောင့် ဝိတ်တွေ တက်လာခဲ့ပြီး ဝိတ်ချလို့ မရသေးခဲ့တာ ကြောင့် အခုလို ဝလာတဲ့ အပေါ် ဝေဖန်ပြစ်တင် ခံခဲ့ရတာတွေကို ကြုံတွေခဲ့ရတာ ပရိသတ်တွေလည်း သိရှိပြီးသား ဖြစ်မှာပါနော်။ မြတ်သူသူ ကိုယ်တိုင်လည်း ဒီလို တိုက်ခိုက် ခံရတာတွေ ရှိကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရင်ဖွင့် ထားခဲ့ပါသေးတယ်။

မြတ်သူသူ ကတော့ သူ့ကို ဝေဖန်တိုက်ခိုက် ကဲ့ရဲမှုတွေကနေ လွတ်မြောက်အောင် ဝိတ်ပြန်ချတော့မှာ ဖြစ်တဲ့အကြောင်းလည်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာ ကနေ မကြာသေးခင်က ရေးသား ဖော်ပြထားခဲ့ ပါသေးတယ်နော်။ ပြီးခဲ့တဲ့ (၂၀)ရက်နေ့စလို့ မြတ်သူသူကတော့ စနစ်တကျနဲ့ ကျန်းမာရေးနဲ့ အညီဝိတ်ချပြီး ဒီနေ့မှာတော့ (၆) ရက်မြောက် ရှိနေခဲ့ပါပြီ။ မြတ်သူသူကတော့ (၆) ရက်အတွင်း သူမရဲ့ ပြောင်းလဲလာမှုကို ဒီနေ့မှာ သူလိုပဲ ဝိတ်ချနေတဲ့ ကောင်မလေးတွေ အားတက်စေဖို့ မျှဝေ လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၆) ရက်က ပုံလေးနဲ့ ဒီနေ့ သူ့ရဲ့ ပုံလေးကို ယှဉ်တွဲ ဖော်ပြ ထားပြီး “ဝိတ်ချတဲ့ (6) ရက်မြောက် ပုံလေးပါ။ (20.5.2022) (26.5.2022) အတွင်း ရလဒ်လေး။ တစ်လ ပြည့်တာနဲ့ သေချာတင်ပေးပါမယ်။

အခုက တဝက်တပျက်မို့ မတင်ပေးချင်တာရယ် ပေါင်ချိန် ဘယ်လောက်ကျမလဲ မသိသေးလို့ မပြောဖြစ်တာပါ စိတ်ချ ဘဝတူလေးတွေ အတွက် သေချာကို ရေးတင်ပေးမယ်နော်။ ပုံတွေက edit ဘာတခုမှ မလုပ်ထားဘူးနော် တကယ် အမှန်အတိုင်း ပြောပြချင်လို့ ဒီအတိုင်းပဲ တင်လိုက်တာ ” ဆိုပြီးတော့လည်း စာလေး ရေးသား ထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဇွဲကောင်းလွန်းလှတဲ့ မြတ်သူသူ ကတော့ (၆) ရက်ဆိုပေမဲ့ တော်တော်လေးကို စတင်ပြောင်းလဲနေပြီနော်။

Source – Myat Thu Thu
Chilli – CeleGabar
Crd-CeleGabar

Zawgyi

ပရိသတ္ႀကီးေရ ျမတ္သူသူ ကေတာ့ သူ႔ရဲ့က်န္းမာေရး အေျခေနေတြေၾကာင့္ ဝိတ္ေတြ တက္လာခဲ့ၿပီး ဝိတ္ခ်လို႔ မရေသးခဲ့တာ ေၾကာင့္ အခုလို ဝလာတဲ့ အေပၚ ေဝဖန္ျပစ္တင္ ခံခဲ့ရတာေတြကို ၾကဳံေတြခဲ့ရတာ ပရိသတ္ေတြလည္း သိရွိၿပီးသား ျဖစ္မွာပါေနာ္။ ျမတ္သူသူ ကိုယ္တိုင္လည္း ဒီလို တိုက္ခိုက္ ခံရတာေတြ ရွိေၾကာင္း သူ႔ရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာကေန ရင္ဖြင့္ ထားခဲ့ပါေသးတယ္။

ျမတ္သူသူ ကေတာ့ သူ႔ကို ေဝဖန္တိုက္ခိုက္ ကဲ့ရဲမႈေတြကေန လြတ္ေျမာက္ေအာင္ ဝိတ္ျပန္ခ်ေတာ့မွာ ျဖစ္တဲ့အေၾကာင္းလည္း သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာ ကေန မၾကာေသးခင္က ေရးသား ေဖာ္ျပထားခဲ့ ပါေသးတယ္ေနာ္။ ၿပီးခဲ့တဲ့ (၂၀)ရက္ေန႔စလို႔ ျမတ္သူသူကေတာ့ စနစ္တက်နဲ႔ က်န္းမာေရးနဲ႔ အညီဝိတ္ခ်ၿပီး ဒီေန႔မွာေတာ့ (၆) ရက္ေျမာက္ ရွိေနခဲ့ပါၿပီ။ ျမတ္သူသူကေတာ့ (၆) ရက္အတြင္း သူမရဲ့ ေျပာင္းလဲလာမႈကို ဒီေန႔မွာ သူလိုပဲ ဝိတ္ခ်ေနတဲ့ ေကာင္မေလးေတြ အားတက္ေစဖို႔ မၽွေဝ လာခဲ့ပါတယ္။ လြန္ခဲ့တဲ့ (၆) ရက္က ပုံေလးနဲ႔ ဒီေန႔ သူ႔ရဲ့ ပုံေလးကို ယွဥ္တြဲ ေဖာ္ၿပ ထားၿပီး “ဝိတ္ခ်တဲ့ (6) ရက္ေျမာက္ ပုံေလးပါ။ (20.5.2022) (26.5.2022) အတြင္း ရလဒ္ေလး။ တစ္လ ျပည့္တာနဲ႔ ေသခ်ာတင္ေပးပါမယ္။

အခုက တဝက္တပ်က္မို႔ မတင္ေပးခ်င္တာရယ္ ေပါင္ခ်ိန္ ဘယ္ေလာက္က်မလဲ မသိေသးလို႔ မေျပာျဖစ္တာပါ စိတ္ခ် ဘဝတူေလးေတြ အတြက္ ေသခ်ာကို ေရးတင္ေပးမယ္ေနာ္။ ပုံေတြက edit ဘာတခုမွ မလုပ္ထားဘူးေနာ္ တကယ္ အမွန္အတိုင္း ေျပာျပခ်င္လို႔ ဒီအတိုင္းပဲ တင္လိုက္တာ ” ဆိုၿပီးေတာ့လည္း စာေလး ေရးသား ထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ဇြဲေကာင္းလြန္းလွတဲ့ ျမတ္သူသူ ကေတာ့ (၆) ရက္ဆိုေပမဲ့ ေတာ္ေတာ္ေလးကို စတင္ေျပာင္းလဲေနၿပီေနာ္။

Source – Myat Thu Thu
Chilli – CeleGabar
Crd-CeleGabar