ဆောင်းဦးလှိုင် ကတော့ မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ နှစ်ပေါင်းများစွာ တိုင်အောင် လျှောက်လှမ်း လာခဲ့တဲ့ နာမည်ကျော် Pop အဆိုတော် တစ်‌ယောက်လည်း ဖြစ်ပါတယ်။ ဆောင်းဦးလှိုင် ဟာ လတ်တလော မှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင် သံစဉ် သီချင်းတွေနဲ့ အတူ ဂီတ လှုပ်ရှားမှုတွေ ဆက်လက် ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။သူဟာ ဆေးပညာဘွဲ့ရ တစ်ဦးလည်း ဖြစ်ပြီး နောက်ပိုင်း မှာတော့ ကိုယ်တိုင် ရေးသားပြီး ကိုယ်တိုင်သီဆို ခဲ့တဲ့ တကိုယ်တော်တေး Album ပေါင်း ၁၀ ချပ် ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သီချင်းတွေကို ကိုယ်ပိုင် သံစဉ်နဲ့ ကိုယ်ဟန်နဲ့ အသံ အေးအေးလေးနဲ့ ပရိသတ် ရင်ထဲရောက်အောင် သီဆိုနိုင်သူ တစ်ယောက် ဆိုလည်း မမှားပါဘူး။

လက်ရှိမှာ ဆောင်းဦးလှိုင်က နိုင်ငံခြားမှာ ရောက်နေ ပေမယ့် နွေဦး တော်လှန်ရေးကြီးမှာ တတ်တတ်ကြွကြွ ပါဝင် နေတာလည်း ဖြစ်ပါတယ်။ဒီတစ်ခါမှာ ဆိုရင်တော့ ဆောင်ဦးလှိုင်ကာ Cover song သီဆိုတဲ့ သူတွေ များပြားလာတာကြောင့် သူ့ရဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ဖန်တီးထား တဲ့ သီချင်း တွေကို ကိုယ်ကျိုး ရှာသူတွေ အတွက် အသုံးပြုခွင့် မပေးဘူးဆိုပြီး ပြောလာတာ ဖြစ်ပါတယ်။ ဆောင်ဦးလှိုင်က“ မျှော်လင့်ချက်တစ်စုံတစ်ရာ “ဂျပန် အမျိုးသမီး အဆိုတော်ဟာ ရန်ကုန်မှာပွဲ လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော့်ဆီက ခွင့်တောင်း ပြီးမ ဆိုတာပါ။ ဂျပန်လို ဘာသာပြန်ပြီး အနည်းငယ် ဆိုခွင့်ပြုဖို့ပါ ခွင့်တောင်း ခဲ့ပါတယ်။ ခွင့်ပြုခဲ့ပါတယ်။ ကြွားဝါတာတွေ ဘယ်တော့မှ ရေးတင်လေ့မရှိလို့ လူအများမသိကြပါ။ကျွန်တော့် ကိုယ်ပိုင်သံစဉ် Original Songs တွေကို လူအများစုက တန်ဖိုးထားကြပါတယ်။

အလွန်တရာ ယုတ်ညံ့သူ တချို့သာ အပုတ်ချသူချ ၊အသုံးချ ကိုယ်ကျိုးရှာသူရှာ လုပ်ခဲ့ ကြတာပါ။ Google နဲ့ YouTube ဟာ သီချင်းတွေ ကိုယ်ပိုင်သံစဉ် ဟုတ်မဟုတ် နည်းပညာနဲ့ စစ်ဆေးပြီး မိနစ်ပိုင်းအတွင်း အဖြေ ထုတ်ပေးနိုင်တဲ့ ခေတ်ကြီးပါ။ကျွန်တော့် Own Tune တွေ အဟောင်းရော အသစ်ပါ တစ်ပုဒ်မှ Copyrights နဲ့မငြိပါ။ ဆိုလိုတာကOriginal songs ( မြန်မာအခေါ် Own Tune ) လို့သတ်မှတ်ခံခဲ့ ရပါတယ်။ မျှော်လင့်ချက် တစ်စုံတစ်ရာကို မြန်မာအဆို မြန်မာစာသားနဲ့ မကြားရတာကြာခဲ့ပြီ မဟုတ်ပါလား ?? ( အထူးသဖြင့် Live shows & cover songs ) အဖြေက ရှင်းပါတယ်။ ကျွန်တော် ခွင့်မပြု တော့လို့ပါ။ အများအကျိုးအတွက် ခွင့်ပြုချက် တောင်းလာတဲ့အခါမှသာ စဉ်းစားပါမယ်။ ကျွန်တော့်သီချင်းအား လုံးကျွန်တော့် ရင်သွေးများ ဖြစ်ပါကြောင်း။ အလွန်တန်ဖိုး ထားပါကြောင်း ။ဆောင်းဦးလှိုင် May 25th 2022 ” ဆိုပြီး ရေးသား လာခဲ့တာပဲ ဖြစ်ပါတယ်နော်…။

Credit
Crd-Celebrity Platforms

Zawgyi

ေဆာင္းဦးလွိုင္ ကေတာ့ ျမန္မာနိုင္ငံရဲ့ ဂီတေလာကမွာ ႏွစ္ေပါင္းမ်ားစြာ တိုင္ေအာင္ ေလၽွာက္လွမ္း လာခဲ့တဲ့ နာမည္ေက်ာ္ Pop အဆိုေတာ္ တစ္‌ေယာက္လည္း ျဖစ္ပါတယ္။ ေဆာင္းဦးလွိုင္ ဟာ လတ္တေလာ မွာေတာ့ ျပည္ပမွာ ေနထိုင္ေနၿပီး ကိုယ္ပိုင္ သံစဥ္ သီခ်င္းေတြနဲ႔ အတူ ဂီတ လႈပ္ရွားမႈေတြ ဆက္လက္ ၿပီးေတာ့ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။သူဟာ ေဆးပညာဘြဲ႕ရ တစ္ဦးလည္း ျဖစ္ၿပီး ေနာက္ပိုင္း မွာေတာ့ ကိုယ္တိုင္ ေရးသားၿပီး ကိုယ္တိုင္သီဆို ခဲ့တဲ့ တကိုယ္ေတာ္ေတး Album ေပါင္း ၁၀ ခ်ပ္ ထက္မနည္း ထြက္ရွိခဲ့ၿပီး ျဖစ္ပါတယ္။ သီခ်င္းေတြကို ကိုယ္ပိုင္ သံစဥ္နဲ႔ ကိုယ္ဟန္နဲ႔ အသံ ေအးေအးေလးနဲ႔ ပရိသတ္ ရင္ထဲေရာက္ေအာင္ သီဆိုနိုင္သူ တစ္ေယာက္ ဆိုလည္း မမွားပါဘူး။

လက္ရွိမွာ ေဆာင္းဦးလွိုင္က နိုင္ငံျခားမွာ ေရာက္ေန ေပမယ့္ ေႏြဦး ေတာ္လွန္ေရးႀကီးမွာ တတ္တတ္ႂကြႂကြ ပါဝင္ ေနတာလည္း ျဖစ္ပါတယ္။ဒီတစ္ခါမွာ ဆိုရင္ေတာ့ ေဆာင္ဦးလွိုင္ကာ Cover song သီဆိုတဲ့ သူေတြ မ်ားျပားလာတာေၾကာင့္ သူ႔ရဲ့ ကိုယ္ပိုင္သံစဥ္နဲ႔ ဖန္တီးထား တဲ့ သီခ်င္း ေတြကို ကိုယ္က်ိဳး ရွာသူေတြ အတြက္ အသုံးျပဳခြင့္ မေပးဘူးဆိုၿပီး ေျပာလာတာ ျဖစ္ပါတယ္။ ေဆာင္ဦးလွိုင္က“ ေမၽွာ္လင့္ခ်က္တစ္စုံတစ္ရာ “ဂ်ပန္ အမ်ိဳးသမီး အဆိုေတာ္ဟာ ရန္ကုန္မွာပြဲ လုပ္ခဲ့ဖူးပါတယ္။ ကၽြန္ေတာ့္ဆီက ခြင့္ေတာင္း ၿပီးမ ဆိုတာပါ။ ဂ်ပန္လို ဘာသာျပန္ၿပီး အနည္းငယ္ ဆိုခြင့္ျပဳဖို႔ပါ ခြင့္ေတာင္း ခဲ့ပါတယ္။ ခြင့္ျပဳခဲ့ပါတယ္။ ႂကြားဝါတာေတြ ဘယ္ေတာ့မွ ေရးတင္ေလ့မရွိလို႔ လူအမ်ားမသိၾကပါ။ကၽြန္ေတာ့္ ကိုယ္ပိုင္သံစဥ္ Original Songs ေတြကို လူအမ်ားစုက တန္ဖိုးထားၾကပါတယ္။

အလြန္တရာ ယုတ္ညံ့သူ တခ်ိဳ႕သာ အပုတ္ခ်သူခ် ၊အသုံးခ် ကိုယ္က်ိဳးရွာသူရွာ လုပ္ခဲ့ ၾကတာပါ။ Google နဲ႔ YouTube ဟာ သီခ်င္းေတြ ကိုယ္ပိုင္သံစဥ္ ဟုတ္မဟုတ္ နည္းပညာနဲ႔ စစ္ေဆးၿပီး မိနစ္ပိုင္းအတြင္း အေၿဖ ထုတ္ေပးနိုင္တဲ့ ေခတ္ႀကီးပါ။ကၽြန္ေတာ့္ Own Tune ေတြ အေဟာင္းေရာ အသစ္ပါ တစ္ပုဒ္မွ Copyrights နဲ႔မၿငိပါ။ ဆိုလိုတာကOriginal songs ( ျမန္မာအေခၚ Own Tune ) လို႔သတ္မွတ္ခံခဲ့ ရပါတယ္။ ေမၽွာ္လင့္ခ်က္ တစ္စုံတစ္ရာကို ျမန္မာအဆို ျမန္မာစာသားနဲ႔ မၾကားရတာၾကာခဲ့ၿပီ မဟုတ္ပါလား ?? ( အထူးသျဖင့္ Live shows & cover songs ) အေျဖက ရွင္းပါတယ္။ ကၽြန္ေတာ္ ခြင့္မျပဳ ေတာ့လို႔ပါ။ အမ်ားအက်ိဳးအတြက္ ခြင့္ျပဳခ်က္ ေတာင္းလာတဲ့အခါမွသာ စဥ္းစားပါမယ္။ ကၽြန္ေတာ့္သီခ်င္းအား လုံးကၽြန္ေတာ့္ ရင္ေသြးမ်ား ျဖစ္ပါေၾကာင္း။ အလြန္တန္ဖိုး ထားပါေၾကာင္း ။ေဆာင္းဦးလွိုင္ May 25th 2022 ” ဆိုၿပီး ေရးသား လာခဲ့တာပဲ ျဖစ္ပါတယ္ေနာ္…။

Credit
Crd-Celebrity Platforms