ပရိသတ်ကြီးရေ နော်ဖောအယ်ထားကတော့ အနုပညာ လမ်းကြောင်းမှာ သူများထက် ပို၍ ကြိုးစားနိုင်မှုကြောင့် အချိန်တိုအတွင်း နေရာတစ်ခု ရလာပြီး ပုရိသ တွေရဲ့ အားပေးကြမ်းမှု သာမက မိန်းကလေး ပရိသတ်တွေကပါ ချစ်ခင်လာခဲ့ခြင်းက သူမရဲ့ အသဲယားစဖွယ် အပြုံးတွေ ဟန်ပန် တွေကြောင့် ဆိုလည်း မမှားပါဘူးနော်။

ကရင်မလေး တစ်ယောက်ဖြစ်ပြီး တိုင်းရင်းသူတွေရဲ့ ဓလေ့အတိုင်း ရိုးသားဖြူစင်ကာ ပွင့်လင်းဖော်ရွှေ သူလေးလို့ ဆိုရမှာပါ။မန္တလေးမြို့ MUFL ကျောင်းထွက် ဖြစ်ပြီး ပညာရေးမှာ အရည်အချင်းရှိကာ စင်ကာပူကနေ Diploma in Business management ဘွဲ့ကို ရရှိထားသူလေးပါ။

ဒါ့အပြင် လတ်တလောမှာလည်း ဇာတ်လမ်းတွဲလေးတွေပါ ရိုက်ကူးလျက် ရှိလာခဲ့သူလေးပါ။ ဒီနေ့မှာတော့ ” Sunday….ဘုရားကျောင်းတက် ♥️✝️” ဆိုတဲ့ စာလေးနဲ့အတူ ဘုရားကျောင်း တက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှခဲ့တာပါ။ တည်​ကြည် ရှင်းသန့်ကာ လှပနေတဲ့ နော်ဖောရဲ့ ဘုရားကျောင်းတက် ပုံရိပ်လေးတွေကို ကြည့်ရှူဖို့ အတွက် ပြန်လည် တင်ပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။

Koe-CeleGabar
Source – NawPhawEhHtar
Crd-CeleGabar

Zawgyi




Koe-CeleGabar
Source – NawPhawEhHtar
Crd-CeleGabar