ပရိသတ်ကြီးရေ နိုင်ငံကျော် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ကိုတော့ မိန်းကလေး ပရိသတ်အားလုံး ပြောစရာ မလိုအောင် သိလိမ့်မယ် ထင်ပါ တယ်။ ပိုင်တံခွန် ဆိုတာနဲ့ ဆယ်ကျော်သက် နူတ်ခမ်းနီ မလေးတွေနဲ့ အန်တီမမတို့ အသည်းစွဲ ချစ်ခင်ရတဲ့ မော်ဒယ် မင်းသားလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ပိုင်တံခွန် ကတော့ ကမ္ဘာ အရပ်ရပ်က ချစ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု့ကို ရရှိထားသူ တစ်ဦးလဲ ဖြစ်ပါသေးတယ်နော်။

ပိုင်တံခွန် ဟာ ထူးဆန်းတဲ့ တိရစ္ဆာန်လေးတွေကို မွေးရတာ သဘောကျပြီး သူ့တို့ရဲ့ ချစ်ဖို့ကောင်းတဲ့ Video လေးတွေကို ပရိသတ်တွေ ကြည့်ရ အောင် အမြဲတမ်း တင်ပေး နေတာကိုလဲ တွေ့ရပါတယ်။ဒါအပြင် ခန္ဓာကိုယ် နေရာအနှံ့မှာလဲ တိရစ္ဆာန်ပေါင်းစုံရဲ့ တတ်တူးလေးတွေကို ထိုးထားတာ ကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ ပိုမို ချစ်ခင် အားပေးခြင်းကို ခံရပြန်ပါတယ်။

ပိုင်တံခွန် ဟာ ရင်တွင်း ခံစားချက်လေး တစ်ချို့ကို ပရိသတ်တွေ သိရအောင် ဖော်ထုတ်ရေးသားလိုက်ပါတယ်။” အလင်းအတွက် ငိုခဲ့ရတဲ့ မျက်ရည် စက် . . .တစတစ ပေးဆပ်ရတဲ့ ပျော်ရွှင်မှု . . .အသက်နဲ့ လောင်းကြေး ထပ်ရတဲ့ပါရမီဖြည့်ဖက် . . . လူတွေက ဒုက္ခတွင်းဝမှာ လမ်းလျှောက်တာပဲ မြင်ချင်ကြတာ”လို့ ရေးသား ထားတာကို တွေ့ရပါတယ်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Crd-Cele Only

Zawgyi





Crd-Cele Only