ပရိသတ်ကြီးရေ ရတနာခင်ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ် အချစ်တော် မင်းသမီးချော တစ်လက်ပဲ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ရတနာခင်က အနုပညာ အလုပ်တွေကို လုပ်ကိုင်ခြင်းမရှိဘဲ မိသားစုနဲ့သာ အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။

ဒီနေ့ ဇူလိုင်လ (၄) ရက်နေ့ လေးကတော့ ရတနာခင်ရဲ့ သားကြီးလေး ဖြစ်တဲ့ ဇွဲဦးထက်ရဲ့ မွေးနေ့ ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲ ဖြစ်ပါ တယ်။ ရတနာခင်ရဲ့ သားကြီးလေး ကတော့ ဒီနေ့မွေးနေ့ ရက်မြတ်လေးမှာ အသက် (၁၆) နှစ်ပြည့်မြောက် သွားခဲ့တာပဲ ဖြစ်ပါတယ်။ ရတနာခင် ကတော့ သားဖြစ်သူရဲ့ မွေးနေ့လေး အတွက် မွေးနေ့ ဆုမွန်ကောင်းတွေ တောင်းပေးထားခဲ့ပါသေးတယ်။

“Happy 16th Birthday Zwe Oo Htet. ချစ်သားကြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေ၊ မိသားစုအတွက် အားကိုးရတဲ့ လိမ္မာတဲ့ သားကြီး ဖြစ်ပါစေ။ ” ဆိုပြီး သားရဲ့ ပုံလေးတွေနဲ့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဆုတောင်း ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ရတနာခင်ရဲ့ သားလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Yadanar Khin
Credit – CeleGabar

Zawgyi




Source – Yadanar Khin
Credit – CeleGabar