ဘေဘီမောင်ကတော့ အနုပညာ လောကထဲကို မော်ဒယ်လ် တစ်ယောက်အဖြစ် ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်း မှာတော့ ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်ကား အချို့မှာပါ ပါဝင်သရုပ်ဆောင်ရင်း နာမည် ရလာခဲ့သူ တစ်ယောက်ပါ။ အနုပညာ လောကမှာ ကျင်လည် ဖြတ်သန်း လာခဲ့တာ နှစ်အတော် ကြာခဲ့ပြီဖြစ်တဲ့ ဘေဘီမောင်ဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေကို ခင်မင်သူ တစ်ယောက်ပါပဲ ဖြစ်ပါတယ်။ လတ်တလော မှာလည်း ဘေဘီမောင်က လူကြမ်း သရုပ်ဆောင် မင်းမင်းရဲ့ သမီးလေးကို အနုပညာ လောကထဲ ရောက်အောင် မြေတောင်မြှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

လူကြမ်း သရုပ်ဆောင် မင်းမင်းရဲ့သမီးလေးကို ကြော်ငြာတွေလည်း ခေါ်ရိုက်ပေးနေတဲ့ ဘေဘီမောင်ဟာ ဒီကနေ့ မှာတော့ မင်းမင်းရဲ့သမီးလေး ဇင်စန္နာထွန်း ရိုက်ကူးပေးထားတဲ့ ကြော်ငြာ ဓာတ်ပုံလေးကို Share ပြီး “ထိုင်းမလေးလို ချစ်စရာကောင်းတဲ့ ညီမလေး😘 လှပမှု့ အရည်သွေးလေးတွေ ပြည့်နေတဲ့ အဖိုးတန် သမီးရတနာလေး ကိုမင်းမင်း အတွက် ဂုဏ်ယူပါတယ်❤️👏👏👏” ဆိုပြီး ချီးကျူး စကား ပြောလာ တာကို တွေ့ရပါတယ်။

ဘေဘီမောင်ကတော့ မင်းမင်းရဲ့ သမီးလေးအတွက် အဝတ်အထည်တွေ အသုံးအဆောင် ပစ္စည်းတွေကိုလည်း လက်ဆောင်ပေးရင်း အနုပညာကို ဝါသနာပါတဲ့ ညီမလေးကို တတ်နိုင်သလောက် မြေတောင်မြှောက်ပေးနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သရုပ်ဆောင်မင်းမင်းရဲ့သမီးလေး ဇင်စန္ဒာထွန်းကို ချစ်ပေး၊ အားပေး ပေးကြပါဦးနော်။

Source: Thandar Zaw’s fb

Credit ; Cele Active World

Zawgyi




Source: Thandar Zaw’s fb
