ပရိသတ်ကြီးရေ ဖေဖော်ဝါရီလ ကနေစပြီး ဆန္ဒပြ ဖော်ထုတ်မှုများ အပြီးမှာ နိုင်ငံကျော် အနုပညာရှင် တော်တော်များများ ဟာလည်း ၅၀၅ (က/ခ)နဲ့ ဖမ်းဝရမ်း ထုတ်ကာ ဖမ်းဆီး ချုပ်နှောင် ခံရသူများလည်း ရှိပါတယ်။ ဖမ်းဝရမ်း ထုတ်ခံရပြီး နောက်မှာ တိမ်းရှောင်နေတဲ့ အနုပညာရှင် တွေလည်း များစွာ ရှိခဲ့တာပါ။
ဖမ်းဆီး ခံခဲ့ရတဲ့ နာမည်ကြီး အနုပညာရှင် တွေထဲမှာ ပိုင်တံခွန်လည်း ပါဝင် ခဲ့တာပါ။ ပိုင်တံခွန် ကတော့ အာရှ တစ်ခွင်မှာ သာမက အနောက် နိုင်ငံ တွေထိပါ အောင်မြင် ကျော်ကြားနေတဲ့ မော်ဒယ်လ် မင်းသား တစ်လက် ဖြစ်တာကြောင့် သူပြန်လည် လွတ်​ေ​ြမာက်လာချိန်မှာ နိုင်ငံ အရပ်ရပ်က ပရိသတ်တွေ ကလည်း ဝမ်းသာခဲ့ကြတာပါ။
အမြဲ မိဘနှစ်ပါး အပေါ် သိတတ် လိမ္မာက အလုပ်တွေ များစွာ လုပ်ကိုင် ဖြစ်ခဲ့တဲ့ အချိန်မှာလည်း မိဘနှစ်ပါးကို လိုလေသေး မရှိ ထောက်ပံ့ခဲ့တဲ့ ပိုင်တံခွန် ကတော့ ဒီနေ့မှာ ”ကိုယ် ဒုက္ခရောက်တဲ့ အချိန်ဆို ကိုယ့်မိဘကို အရင် စိတ်ပူတယ် ငါမရှိရင် ငါ့မိဘတွေ ဘယ်လို နေမလဲ ဆိုပြီး” ဆိုတဲ့ စာလေးနဲ့ အတူ လွန်ခဲ့တဲ့ (၂) နှစ်က မိဘနှစ်ပါးကို surprise ပြုလုပ်ခဲ့တဲ့ video ဖိုင်လေးကို ပြန်လည် share ကာ ရင်တွင်း စကားလေးကို ပြောကြား ခဲ့တာပါ။ ပရိသတ်တွေလည်း ပိုင်တံခွန်ရဲ့ မိဘအပေါ် သိတတ်လွန်းတဲ့ စိတ်ထားလေးကို လေးစား ချီးကျူးကြမယ်လို့ထင်ပါတယ်နော်။
Koe-CeleGabar
Soure -PaingTakhon
Crd-CeleGabar
Zawgyi
Koe-CeleGabar
Soure -PaingTakhon
Crd-CeleGabar