ပရိသတ်ကြီးရေ အနုပညာ လောကရဲ့လူပျို မင်းသာကြီး တစ်လက်ဖြစ်တဲ့ ခန့်စည်သူ ကိုတော့ လူတိုင်း ချစ်ခင်ကြပါတယ်။အလှူအတန်းလည်း ရက်ရောကာ တတ်နိုင်သမျှ အလှူတွေကို တောက်လျောက် ပြုလုပ်လျက် ရှိတဲ့သူပါ။

မနေ့က ကျရောက်တဲ့ ဇူလိုင်လ၂၃ရက်နေ့မှာတော့ ”(၂၂-၇-၂၀၂၂) ကျေးဇူးရှင် ဖခင်ကြီး ကွယ်လွန်ခြင်း (၁) နှစ်ပြည့်အတွက် ရည်စူး၍ ပုဂံ အလိုတော် ပြည့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ရွှေသင်္ကန်း၊ဆွမ်း၊ဆီမီး၊ပန်းတို့ကို ကပ်လှူပူဇော်ခြင်း၊ညောင်ဦး မြို့နယ် အောင်မြေ ဗောဓိ အလိုတော်ပြည့် စာသင်တိုက် ဆရာတော် မဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပဏ္ဍိတ အား သင်္ကန်းခြင်းနှင့် နဝကမ္မ အလှူတော်ငွေ များကိုလှူဒါန်းခြင်း နှင့် ရွှေစည်းခုံပုံတူ သိမ်ဘုရား ကျောင်းတော်ကြီးအတွက် အလှူတော်ငွေ (၁၀) သိန်းတို့ကို လှူဒါန်းခဲ့ပါတယ်။

ယနေ့ယခု ဤအချိန်အထိ ပြုပြုခဲ့သမျှ ကုသိုလ် ကောင်းမှု လှူဒါန်းမှု အစုစုတို့၏ အဖို့ဘာဂကို ကျေးဇူးရှင်ဖခင်ကြီး မြင့်မြတ်ရာဘုံဘဝမှ သာဓု ခေါ်ဆိုနိုင်ပါစေ။🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ကုသိုလ်များကို (၇) ရက်သား၊သမီးအပေါင်း သူတော်ကောင်း များအားလည်း ပေးဝေမျှပါတယ်။ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။ ”ဆိုကာ လှူဒါန်းမှု ပုံရိပ်လေး​နဲ့ အတူ ကုသိုလ်ယူခဲ့တာပါ။ ပရိသတ်ကြီး လည်း ခန့်စည်သူရဲ့ အလှူကုသိုလ်တွေကိုသာဓုခေါ်ခဲ့ကြပါဦးနော်။

Koe-CeleGabar
Soure – KyawSoeWin
Crd-CeleGabar

Zawgyi




Koe-CeleGabar
Soure – KyawSoeWin
Crd-CeleGabar