မြန်မာလူမျိုးတွေကို ချစ်တဲ့စိတ်နဲ့ မြန်မာနိုင်ငံမှာ အခြေချ နေထိုင်နေသူ ကတော့ ဂျာမနီ နိုင်ငံသား Mikis Weber ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ လူမှု ကွန်ယက် စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေ သတိထား မိလာကြတာပဲ ဖြစ်ပါတယ်။ သူဟာ မြန်မာစကား ကိုလည်း ကျွမ်းကျင်ပီပြင်စွာ ပြောဆို တတ်နေတာ ဟာလည်း ချီးကျုးစရာ ကောင်းလှပါတယ်နော်။

Mikis ရဲ့ အမျိုးသမီးဖြစ်တဲ့ စုစုဝေ ကိုတော့ ပရိသတ်ကြီး အားလုံး သိပြီးသား ဖြစ်မှာပါ။ စုစုဝေဟာ အခုဆိုရင် သူမရဲ့ ခင်ပွန်းရှိရာ ဂျာမနီနိုင်ငံမှာ အခြေချ နေထိုင်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး သိပြီးသားအတိုင်း စုစုဝေဟာ မိန်းမသားချင်း ကိုယ်ချင်းစာနာစိတ်နဲ့ ချွေးမဖြစ်သူကို နှစ်ပြား မတန်အောင်ပြောတဲ့ Athin Ko ဆိုတဲ့ အမျိုးသမီးနဲ့ ပြဿနာတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ စုစုဝေက “ဟိုဘက်ရပ်ကွက်ကတော့ ကျမကို အောက်ဖဲလှန်မလို့တဲ့ သတင်းသမားတွေကို ငွေဘယ်လောက်ကုန်ကုန် ဆိုပြီး စုံစမ်း ခိုင်းနေလေရဲ့ 😂 ခက်တာက ကိုယ့်မှာက သူ့လို HD ရှိမနေတာခက်တယ် 😂😂 အခုပျံနှံ့နေတဲ့ Video တွေကလဲ ကျမတင်တာ မဟုတ် ဘူးနော် 👌 အန်တီ ကျမကို ဆက်ပြီး တိုက်ခိုက်လာတယ် ဆိုရင်တော့ ကျမလဲ အန်တီကို ညှာမှာမဟုတ်ဘူးနော် အဲ့အခါ ကျရင်တော့ မိမွေးတိုင်း ဖမွေးတိုင်း ထွက်လာတဲ့ Video တင်ပေးလိုက်မယ် 😉” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။

Source: Su Su Weber’s fb

Credit
Crd-Celebrity Platforms

Zawgyi




Source: Su Su Weber’s fb

Credit