ပရိသတ်ကြီးရေ သန္တာဗိုလ်ကတော့ နိုင်ငံကျော် ဝါရင့်မင်းသမီး တစ်လက်ဖြစ်တဲ့ ချောရတနာနဲ့ ညီအစ်မ တော်စပ်တယ် ဆိုတာ​သိကြမယ် ထင်ပါ တယ်။ ​သန္တာဗိုလ်တို့ မိခင်ကြီး ဆုံးပါး သွားပြီးတဲ့ နောက်မှာ သန္တာဗိုလ် ကတော့ အမြဲ သူမကို ဂရုစိုက်တတ်တဲ့ မိခင်ကြီးကို အမြဲ သတိတရ ရှိနေ တာပါ။

သူမရဲ့ အချစ်ရေးကတော့ သရုပ်ဆောင် မော်ဒယ်လ် ကောင်းပြည့်နဲ့ နှစ်ယောက်သား မေတ္တာမျှ နေကြတာ နှစ်ပေါင်း တော်တော် ကြာနေပါပြီ။အမြဲ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သူတို့ နှစ်ယောက်ကတော့ ဖော်ရွေတတ်တဲ့ သူတွေဖြစ်ပြီး ပရိသတ် တွေကလည်း သဘောတူ အားပေး ဝန်းရံကြတဲ့ အနုပညာ စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း သူမအနေနဲ့ ”၁ပတ်ကျော်လောက် နေမကောင်း ဖြစ်တာ ဒီနေ့ ကတော့ တော်တော် သက်သာသွားပြီ တစ်နှစ် တစ်ခါ ဆေးရုံရောက်” ဆိုတဲ့ စာလေးနဲ့ ဆေးရုံရောက်နေတဲ့ သူမရဲ့ကျန်းမာရေး အခြေအနေကို ပြောပြ လာခဲ့တာပါ။ပရိသတ်တွေလည်း သန္တာဗိုလ် တစ်ယောက် အမြန်ဆုံး လုံးဝ ပျောက်ကင်း ကျန်းမာဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Koe- CeleGabar
Source- ThandarBo
Crd-CeleGabar

Zawgyi




Koe- CeleGabar
Source- ThandarBo
Crd-CeleGabar