ပရိသတ်ကြီးရေ နှိုင်းယှဥ်မြင့်မိုရ် ကတော့ covid ကာလတွေက စတင်ပြီး live sale လေးတွေ စတင်ပြုလုပ်ခဲ့ပြီး အခုချိန်မှာတော့ live sale Queen လို့တောင် တင်စားရလောက်တဲ့အထိ သူမရဲ့ ရောင်းအားတွေဟာ အမြင့်ဆုံးမှာ ရောက်ရှိနေသူပါ။ကျောက်မျက်ရတနာ​ ၊စိန်ထည် ပစ္စည်းတွေကို အချိန်တို အတွင်း သိန်းသောင်းချီအောင် ရောင်းနိုင်သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ”ဘဝမှာ တစ်ခါမှ စိတ်ဓာတ် မကျဘူးး တက်မရှိရင် လက်နဲ့ လှော်ခဲ့တာ ချည်းပဲ ဘာမှ မရှိတဲ့ သုညဘဝကနေ ခုချိန်ထိ လုပ်စားခွင့် ပေးခဲ့တာ ကိုပဲ ကျေးဇူးတွေ တင်နေပြီ… စီးပွားရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းရှင်တွေ အဆက်အသွယ်နဲ့ အရင်းအနှီးလည်း ရှိနေပြီပဲ…စိတ်မပူဘူးးး စိတ်မညစ် ပါဘူးး။

သူများအကြွေး ဆိုတာလည်း မရှိတော့လို့ နောက်ကျောလည်း လုံနေပြီလေ….နောကိဆုံး ဟုတ်ခဲ့ရင်လည်း ကိုယ်ပိုင် စီးပွားရေး တစ်ခုကို မရှက်မကြောက်ပဲ သမ္မာ အာဇီဝကျကျ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်….” ဆိုတဲ့ စာလေးနဲ့ သူမရဲ့ ခံယူချက်ကို ပြောပြလာခဲ့တာပါ။ပရိသတ်တွေလည်း နှိုင်းယှဥ်ရဲ့ ရဲရင့်လှတဲ့ ခံယူချက်လေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Koe-CeleGabar
Soure – Nying Shin
Crd-CeleGabar

Zwagyi




Koe-CeleGabar
Soure – Nying Shin
Crd-CeleGabar