မင်းသမီးချောလေး စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ တွေကို ပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ ပြီးပြည့်စုံပြီး သာယာတဲ့ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေ အားကျ ချစ်ခင်နေရတဲ့ ချစ်စရာ မိသားစုလေးပါပဲ။ဒါ့အပြင် စမိုင်းလ်တို့ မိသားစုက အလှူအတန်း ဆိုလည်း အရမ်းရက်ရောကြပြီး မကြာခဏ လှူဒါန်းနေကြတာ ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပရိသတ်တွေ အားလုံးက စမိုင်းလ်တို့ မိသားစု လေးစား အားကျ နေကြတာလည်း ဖြစ်ပါတယ် ။သူတို့ မိသားစုရဲ့ လှုပ်ရှားမှုလေး တွေကိုလည်း အမြဲ ဖော်ပြပေးလေ့ ရှိတာ လည်း တွေ့ရပါတယ် ။

အမေရိကန် နိုင်ငံမှာ အခြေချ နေထိုင်ခဲ့ပြီးနောက် ကမ္ဘာကျော် မိတ်ကပ်ပညာရှင် JEFFREE STAR ရဲ့ နေအိမ်ကြီးကို ဒေါ်လာ (၁၆.၇) သန်းတန် အိမ်ကြီးကို ဝယ်ယူနိုင်ခဲ့တဲ့ စမိုင်းလ်ဟာ ဒီကနေ့ မှာတော့ သူမ အိမ်ဝယ်လိုက်တဲ့ အကြောင်းကို လူသိရှင်ကြား ကိုယ်တိုင် ချပြလာခဲ့ပါတယ်။ စမိုင်းလ်က JEFFREE STAR ဆီက သူမ အိမ်ဝယ်လိုက်တဲ့ သတင်းကို ပြန်လည် မျှဝေကာ My Dream ဆိုပြီး သူမရဲ့ စိတ်ကူး အိပ်မက်တစ်ခုကို အကောင်အထည် ဖော်လိုက်ခြင်းပဲလို့ ပြောလာပါတယ်။

စိတ်ကူးထဲက အတိုင်း တစ်ထပ်တည်း ကျအောင် ပုံဖော်နိုင်တဲ့ စမိုင်းလ်ရဲ့ကုသိုလ်ကံဟာ ဆိုရင်လည်း အရမ်းကိုကောင်းလွန်းကြောင့် ပရိတ်သတ် တွေ အားကျနေရတာပဲ ဖြစ်ပါတယ်နော်..။

Source: Smile’s fb

Credit
Crd-Celebrity Platforms

Zawgyi




Source: Smile’s fb

Credit