


Source: Shwe Htoo ‘s fb

တေးသံရှင် ရွှေထူးကတော့ လူငယ်တွေအကြိုက် အချစ်နဲ့ အလွမ်းအဆွေး သီချင်းတွေကို သီဆိုရင်း အောင်မြင်မှုတွေရရှိခဲ့သူ ဖြစ်ပါတယ်…။ ရွှေထူးကတော့ သူ့ရဲ့ ထွက်ရှိသမျှ သီချင်းတိုင်းက ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ရှိန်ထိုးရရှိပိုင်ဆိုင်နိုင်ခဲ့ပြီး ဂီတထူးချွန်ဆုများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ရွှေထူးရဲ့ ဆက်လက်ထွက်ရှိမယ့် သီချင်းတိုင်းကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်…။

လာမယ့် စက်တင်ဘာလ (၁၉) ရက်နေ့ကတော့ ရွှေထူးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရွှေထူးက သူ့ရဲ့မွေးနေ့မှာ “အသည်းကွဲတယ်” ဆိုတဲ့ သီချင်းသစ်လေးကို ချပြဖို့ ပရိသတ်တွေကို အသိပေးထားခဲ့တာပဲဖြစ်ပါတယ်…။ ဒီကနေ့မှာတော့ ရွှေထူးက ပရိသတ်တွေစောင့်မျှော်နေကြတဲ့ သူ့ရဲ့ “အသည်းကွဲတယ်” သီချင်းလေးကို အမြည်းပြသလာခဲ့တာကို အခုလိုပဲတွေ့ရပါတယ်…။

ရွှေထူးကတော့ ပရိသတ်တွေလည်းကြိုက်ပြီး သူလည်းအဆိုများတဲ့ အသည်းကွဲသီချင်းလေးကို ပရိသတ်တွေဆီ ချပြတော့မယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်…။ ပရိသတ်ကြီးလည်း လာမယ့် (၁၉) ရက်နေ့မှာ ရွှေထူးရဲ့ “အသည်းကွဲတယ်” ဆိုတဲ့ သီချင်းသစ်လေးကို ဆက်ဆက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်…။

Credit