


Source: May Panche ‘s fb

ပရိသတ်ကြီးရေသရုပ်ဆောင် မေပန်းချီကတော့ အနုပညာနယ်ပယ်မှာ နေရတခုရရှိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်…။လက်ရှိမှာသရုပ်ဆောင်မေပန်းချီက အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေသလို တန်ဖိုးကြီးရတနာပစ္စည်းတွေကို လိုင်းပေါ်ကနေ live လွှင့်ပြီးရောင်းချပေးနေတာဖြစ်ပါတယ်…။ ဘယ်အလုပ်မဆို စေတနာထားပြီးလုပ်ဆောင်တတ်တဲ့ မေပန်းချီဟာ Live Sale လောကမှာလည်း လုပ်ငန်းရှင်တိုင်းအားထားရသူ တစ်ယောက်ဆိုလည်းဖြစ်ပါတယ်နော်…။

စေတနာအကျိုးပေးမှုကို အမြဲတမ်းခံစားခွင့်ရတဲ့ မေပန်းချီဟာ ဒီတစ်ခါမှာလည်း သူမကို ရတနာပစ္စည်းနဲ့ ငွေသားလက်ဆောင်တွေပေးတဲ့ ရတနာဆိုင်ရှင်ကို “ညကထင်ထားတာထပ်ပိုရောင်းရလို့ Blessing စိန်ရွှေရတနာဆိုင်က အန်တီမုန့်ဖိုးထပ်ပေးတာ🥰🥰🥰 အမြဲရောင်းကောင်းတိုင်းစေတနာအမြဲထား လက်ရာကောင်းလေးတွေ အမြဲချက်ကျွေးတဲ့အန်တီ အမြဲကျန်းမာချမ်းသာပါစေ🥰🥰🥰🙏🏻🙏🏻🙏🏻 ဒီပိုက်ဆံလေး လိုအပ်တဲ့နေရာလေးပြန်လှူပါ့မယ်ရှင့်🙏🏻🙏🏻🙏🏻” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်…။

မေပန်းချီကတော့ ဘယ်အလုပ်လေးမဆိုလုပ်လုပ် စေတနာပါပြီး အကောင်းဆုံးကြိုးစားတာကြောင့် လူအများအချစ်ခံရသူ တစ်ယောက်ဆိုလည်း မမှားပါဘူးနော်…။ မေပန်းချီတစ်ယောက် အခုလိုပဲ အလုပ်အကိုင်တွေ အမြဲတမ်းအဆင်ပြေပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်နော်…။

Credit