စမူဆာ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း…..

စမူဆာ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း…..

ဘုရင် သတိုးမင်းဖျားက ငတက်ပြားကို ဖမ်းမဟဲ့လို့ ထွက်ခွာခဲ့တာ တစ်ရက်လောက်နဲ့မိမယ် ထင်ထားတာ မမိဘူး။ထင်တာ ထက်ကြာနေခဲ့တယ် ရိက္ခာကလည်း အများကြီး ယူမလာမိဘူး ဆိုတော့ ဂျုံမုန့် အနည်းငယ်ပဲ ကျန်တော့တယ်။အဲ့ဒါနဲ့ နီးရာမှာ လိုက်ရှာတော့တောင်ယာတဲတစ်ခုမှာ ဂေါ်ဖီကြက်သွန်နဲ့ ဟင်းသီး ဟင်းရွက် အချို့ကို တွေ့ရပါတယ်။ဒါနဲ့ မင်းကြီးလည်း ဘာလုပ်စားရကောင်းမလဲ စဉ်းစားတုန်း သူနဲ့အတူလိုက်ပါလာတဲ့ မိဖုရား စောဥမ္မာ အောက်စလွတ်တာကို မြင်လိုက်ရတာကြောင့် စားတော်ကဲကို အဲ့ဒီပုံလုပ်ကွာဆိုပြီး ခိုင်းလိုက်ပါတယ်။ဘုရင်က ငတက်ပြားကို ဖမ်းမမိလို့ စိတ်ညစ်နေ တာလေ။ ညစ်တွန်း တွန်းတာဖြစ်မယ်။ စားတော်ကဲက ကျွန်တော်မျိုးမှာ လူပျိုဖြစ်သည့်အတွက် အရှင်မင်ကြီးပြောတဲ့ဟာကို မမြင်ဖူးကြောင်းပါ ဘုရားလို့ လျှောက်တင်တယ်။

ဘုရင် အကြပ်တွေ့ပါလေရော။ ဗိုက်ကလည်း အတော်ဆာနေပြီ။ ဒါနဲ့ သူ့မိဖုရားကို လှန်ပြခိုင်းတယ်။ မိဖုရားစောဥမ္မာက ဘယ်ပြမလဲ။ ရှက်တာပေါ့။ နောက်တော့ ဘုရင်က ပြောလွန်းမကပြောလာလို့ စိတ်တိုတိုနဲ့ ဒီလောက်ဖြစ်လှ တာ ကြည့်ဟဲ့ ကြည့်ဟဲ့ဆိုပြီး လှန်ပြလိုက်တယ်။စားတော်ကဲက ဘုရင့် မိန်းမကို ဘယ်လိုလုပ် စေ့စေ့ကြည့်ရဲမလဲ။ မျက်စေ့ထဲတွေ့တဲ့ ပုံကို မှတ်ပြီး ဂျုံကို အပြားဖြစ်အောင် တဖတ်ဖတ် ရိုက်၊ အဆာပလာ အဖြစ် အသီးအရွက်တွေလှီးထည့်လို့ သူ့မျက်စိထဲ လှစ်ခနဲ မြင်လိုက်တဲ့ပုံစံလေး လုပ်ပြီး ဆီနဲ့တရှဲရှဲကြော်ပါတော့တယ်။ကျက်သွားတော့ မင်းမိဘုရားနှစ်ပါးကို ဆက်သလိုက်ပါတယ်။ ဘုရင်နဲ့မိဖုရားတို့ ပွဲတော်တည်ရင်း အရမ်းစားကောင်းတာကြောင့် သတိုးမင်းဖျားက မိဖုရားစောဥမ္မာကို ကျီစယ်လိုက်တယ်။“ဆွီတီရယ်၊ အစက ပြဆိုတုန်းက မပြဘူး။ မူနေတယ်။နောက်ကျတော့လည်း ပြရတာပဲ မဟုတ်လား”

“ဒါကတော့ ဆာတာကိုးဖျာ့” စားတော်ကဲကြီးက ဘုရင်နဲ့မိဖုရားတို့ပြောစကားကို အသေအချာ မှတ်သားနာယူလိုက်ပါတယ်။ဘုရင်ခိုင်းလို့သာ ဒီစားစရာကို လုပ်ပေးရတာ၊ ဘာနာမည်မှ မပေးရသေးဘူးလေ။ ဒါကြောင့် အစကတော့ မူပြီး နောက်မှ ဆာလို့ပြတဲ့အတွက် စမူဆာလို့ နာမည်ပေးလိုက်ပါတယ်။နေပြည်တော် ပြန်ရောက်တဲ့အခါ အဲဒီမုန့်ကို လုပ်ရောင်းပါတယ်။ လက်ဘက်ရည်ဆိုင်တွေကို လိုက်ပို့ပါတယ်။ အားပေးသူတွေများလာလိုက်တာ အိန္ဒိယနိုင်ငံက ဟုးရားဖြူညိုတွေကလည်း လက်ဘက်ရည်ဆိုင်ထိုင်ရင်းလက်ဘက် ရည်နဲ့တွဲဖက်စားသောက်ကြည့်ရာက အကြိုက်တွေ့ကုန်တော့ တယ်။ဒါနဲ့ သူတို့တိုင်းပြည်ကို ပြန်သွားတဲ့အခါ အဲသလို ပုံစံတူ လုပ်စားရင်း “စမူဆာ“ ဆိုတဲ့မုန့်တစ်မျိုးဟာ ပျံ့နှံ့ခဲ့ရပါတော့တယ်။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *