ဘော်ဒါဆောင်နေသော (၈)တန်းကျောင်းသူမှာ မကြာခဏ ခေါင်းမူးမူးနေပြီး နေမကောင်း၍ ဆေးခန်းသွားပြဖို့ မိခင်မှ ချော့မော့မေးမြန်းရာမှ…
ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ယာတော်ကျေးရွာနေ ဖခင်ဖြစ်သူ ဦး…..၊ မိခင်ဖြစ်သူ ဒေါ်…..တို့သည် နံနက် ၁၀ နာရီခန့်က ရေဦးမြို့မဈေးမှ ဈေးရောင်းပြန်လာစဉ် ရေဦးမြို့ “……” ဘော်ဒါဆောင်သို့ ပို့ထားသောသမီးဖြစ်သူ မ….. ၁၃ နှစ် (အဋ္ဌမတန်းကျောင်းသူ)မှာ ခေါင်းမူးမူးနေပြီး မကြာခဏပျို့အန်နေသဖြင့် နေမကောင်းဘူးဆိုကာအိမ်သို့ခဏ ခဏ ပြန်လာနေသောကြောင့် မိခင်ဖြစ်သူ ဒေါ်…..မှ ဆေးခန်းသွားပြရန် သမီးဖြစ်သူကိုခေါ်၍ အိမ်မှထွက်လာခဲ့ရာ
လမ်းတွင် သမီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေသည့် လက္ခဏာပုံစံမျိုးတွေ့ရှိရသဖြင့် မေးမြန်းရာ ဘာမှပြန်မပြောသောကြောင့်မသင်္ကာ၍ ဆေးဆိုင်မှ ဆီးစစ်တံဝယ်ယူပြီး ဆေးခန်း မသွားတော့ဘဲ ရွာသို့ပြန်လာခဲ့ကြပြီး နေအိမ်တွင်သမီးဖြစ်သူ၏ဆီးအား ဆီးစစ်တံဖြင့် စစ်ကြည့်ရာကိုယ်ဝန်ရှိနေကြောင်း ဆီးစစ်တံမှဖော်ပြနေသဖြင့် ထပ်မံစစ်ဆေးရာ ကိုယ်ဝန်မှာ ၃ လ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။မိခင်ဖြစ်သူ ဒေါ်…..မှ သမီးဖြစ်သူအား ချော့မော့မေးမြန်းရာ
တစ်ရွာတည်းနေ အိမ်နီးချင်း ဆွေမျိုးတော်စပ်သူ ဦး…..၏သား ဘိုကံ ၂၀ နှစ် (မိန်းမနှင့်ကလေးတစ်ယာက်ရှိသူ) ဖြစ်ကြောင်း၊ လွန်ခဲ့သော ၃ လခန့်က ဖခင်ဖြစ်သူ ဦး…..နှင့် မိခင်ဖြစ်သူ ဒေါ်…..တို့နှစ်ဦး ညအချိန် တံငါအလုပ်သွားလုပ်နေစဉ် နေအိမ်၌သမီးဖြစ်သူ မ…. နှင့် သားဖြစ်သူ မောင်…..တို့ ၂ ဦးသာရှိနေချိန်များတွင် ဘိုကံ ၂၀ နှစ်မှ အိမ်သို့ရောက်လာလေ့ရှိပြီးမောင်ဖြစ်သူ မောင်…..အား အခြားအိမ်သို့ ဗီဒီယိုကြည့်ရန် ချော့မော့စေလွှတ်ကာ သမီးအား ခြိမ်းခြောက်၍ သားမယားပြုကျင့်သည်မှာ ၄ ကြိမ်ခန့်ရှိပြီး၊
အိမ်သို့လာရောက်တိုင်း ခလုပ်ဓါးတစ်လက် ယူဆောင်လာကာ မိဘများအား ပြန်တိုင်လျှင် သတ်ပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ကြောင်း သမီးဖြစ်သူ မ….. ၁၃ နှစ်ခန့် (အဋ္ဌမတန်းကျောင်းသူ)မှပြောပြသဖြင့်ကျေးရွာတာဝန်ခံ ဦးဝင်းအား အကြောင်းကြားပြီး ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ အရွယ်မရောက်သေးသော သမီးဖြစ်သူ မ…..၁၃ နှစ်ခန့် (အဋ္ဌမတန်းကျောင်းသူ) အား ဓါးဖြင့်ခြိမ်းခြောက်ပြီး သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူဘိုကံ ၂၀ နှစ် အား မိခင်ဖြစ်သူ ဒေါ်…..မှ တရားလိုပြုလုပ်၍ မြို့မရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။crd
Leave a Reply