အသက်(၁၇)နှစ်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ကြားမှာ သည်းသည်းလှုပ်ရေပန်းစားနေတဲ့ Drummer bon bonရဲ့ ပရိတ်သတ်မသိသေးတဲ့ အကြောင်း….

အသက်(၁၇)နှစ်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ကြားမှာ သည်းသည်းလှုပ်ရေပန်းစားနေတဲ့ Drummer bon bonရဲ့ ပရိတ်သတ်မသိသေးတဲ့ အကြောင်း….

အခုတစ်ခါမှာဆိုရင်တော့အသက်(၁၇)နှစ်နဲ့ ပရိတ်သတ်တွေကြားရေပန်းစားနေတဲ့ Drummer bon bonရဲ့ ဘဝဇာတ်ကြောင်းကိုအခုလိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။Bon Bon ရဲ့နာမည်အရင်းကတော့ Min Hein Khant ဖြစ်ပြီး ပါပါး ဦးအောင်သူ နဲ့ မာမား ဒေါ်မေသူဟန် တို့ရဲ့သားဦးရတနာပါ၊ Bon Bon လေးကို 15/6/2006(Thu) မှာမွေးဖွားခဲ့ပါတယ်၊ Bon Bon အရပ်ကတော့(၅)ပေ (၇) လက်မရှိပြီး Bon Bon မှာညီမလေးတစ်ယောက်ရှိပါတယ်။ဂီတအနုပညာရှင်မျိုးရိုးလဲဟုတ်၊ ငယ်ငယ်ကတည်းကဂီတစိတ်ဝင်စားတဲ့Bon Bon ဟာ သူစိတ်ဝင်စားတဲ့ Drum ပညာကို (၄)နှစ်ခွဲ၊ (၅)နှစ်သားအရွယ်ကတည်းကစတင်သင်ကြားခဲ့ပါတယ်၊

Bon Bon ရဲ့အဘေးဟာ Drummer တစ်ဦးဖြစ်ပြီး Bon Bon အဖိုးဖြစ်တဲ့ အကယ်ဒမီ ဦးခင်မောင်ကြီးဟာလဲ Drummer တစ်ဦးပါ၊ Bon Bon ပါပါး ဦးအောင်သူကတော့ မတူဘဲကွဲထွက်နေခဲ့ပါတယ်၊ ပါပါးဦးအောင်သူကတော့ Lead guitar ကိုတီးပါတယ်၊ မာမား မေသူဟန်ကတော့ အဆိုတော်တစ်ဦးပါ၊ ဒီလိုအနုပညာမိသားစုကနေဆင်းသက်လာတဲ့ Bon Bon ဟာလဲ အဘေး၊အဖိုးနည်းတူ Drum ပညာကိုစိတ်ဝင်စားပြီးသင်ကြားခဲ့ပါတယ်။Bon Bon ဟာ Yangon Adventist Seminary မှာ (၈) တန်းကို နှစ်ဝက်ထိဘဲတက်ခဲ့ရပါတယ်၊ အကြောင်းရင်းကတော့ f. g Live lounge နဲ့တစ်ခြားပွဲတွေဆက်နေခဲ့တာကြောင့်ပါ၊

ပြီးနောက် Yangon Adventist Seminary ကနေ အခုလက်ရှိတက်နေဆဲဖြစ်တဲ့ British Council ကိုကျောင်းပြောင်းခဲ့ပါတယ်၊ Bon Bon ရဲ့ရည်မှန်းချက်ကတော့ IELTS ကိုဖြေပြီး scholarship ရခဲ့မယ်ဆိုရင် Music ကျောင်းကိုတက်ဖို့ရည်ရွယ်ထားပါတယ်တဲ့၊ ကျောင်းပြီးရင်တော့နိုင်ငံတကာကိုလှည့်လည်ပြီးဖျော်ဖြေမှုတွေလုပ်ချင်တဲ့ရည်မှန်းချက်အိမ်မက်ကိုလဲထားရှိထားပါသေးတယ်။Bon Bon ဟာ လူငယ်အရွယ်ပီပီ ဖိနပ် တွေအပေါ်အရမ်းကို crazy ဖြစ်ပါတယ်၊ ပြီးတော့ဂိမ်းဆော့ရတာကိုလဲနှစ်သက်တဲ့သူတစ်ဦးပါ၊ Bon Bon ရဲ့ အကြိုက်ဆုံးအရောင်က အမဲရောင်ဖြစ်ပြီး အစားအစာကတော့ Pizzaဖြစ်ပါတယ်၊ အကြိုက်ဆုံးအအေးအမျိုးအစားကတော့ Cola ပါ၊ အားကစားမှာဆိုဘောလုံးကန်တာဝါသနာပါ ပါတယ်တဲ့ဗျာ၊

ဟာသတွေကိုသဘောကျတတ်ပြီး အရင်က အင်တာဗျူးတစ်ခုမှာ လူရွှင်တော်လုပ်မှာလို့လဲဖြေခဲ့ဘူးပါတယ်။ခုလက်ရှိမှာတော့ Bon Bon လေးဟာ အထူးရေပန်းစားနေပြီး အမာခံပရိတ်သတ်တွေလဲရရှိထားပြီဖြစ်ပါတယ်၊ Bon Bon ရဲ့ Fandom Name ကတော့ Stickies ပါ၊ အဓိပ္ပါယ်ကတော့ Stick ဆိုတာ Drum တီးတဲ့နေရာမှာအရေးပါအရာရောက်၊ မပါမဖြစ်အရာတစ်ခုဖြစ်တဲ့နည်းတူ Fandom Name ကို Stickies လို့ပေးခြင်းဟာလဲ Fan တွေဟာ Bon Bon အတွက်အရမ်းကိုအရေးပါအရာတဲ့သူတွေဖြစ်ကြောင်းလဲပေါ်လွင်စေပါတယ်၊ Bon Bon အကြောင်းလေးကတော့ ရိုးရှင်းပါတယ်ဗျာ၊ ဒီလောက်ပါဘဲ၊ Bon Bon ကိုပိုပိုပြီးချစ်နိုင်ကြပါစေနော်။
Credit


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *