ရက်ကြိုခန့်မှန်းချက် မိုး
၂၀၂၃ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှ၂၄ရက်နေ့အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မိုးရွာနိုင်ပြီး ၂၃ရက်နေ့တွင် ကချင်ပြည်နယ်အထက်ပိုင်းပူတာအိုခရိုင်ကြီးတွင် မိုးကြီးနိုင်ကာ ကျန်တိုင်းနှင်ပြည်နယ်တွေမှာတော့ ရာသီဥတုကြည်လင်သာယာပါလိမ့်မယ်
ရက်ဝေးခန့်မှန်းချက်
23/02/2023 ရက်နေ့တွင် ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်ကြီးတွင် မိုးကြီးရေလျှံနိုင်ကာ ရာသီဥတုဆိုးရွားပြင်းထန်နိုင်ပါတယ်
၂၃ ဖေဖော်ဝါရီလ ၂၂ရက်နေ့ ၂၃ရက်နေ့ ၂၄ရက်နေ့ ကချင်ပြည်နယ်ကြီးတွင် ရာသီဥတုဆိုးရွားပြင်းထန်နိုင်ပါတယ်
10/02/2023 ရက်နေ့မှာ ထိုင်းပင်လယ်ကွေ့အတွင်းမှာ Low pressure cell တွေစုဖွဲ့နေတာကို Eumetsat satellite ကနေပြီးတော့ထောက်လှမ်းတွေ့ရှိခဲ့ရပါတယ် weather data အချက်အလက်တွေဝယ်ယူပြီးစိစစ်တွက်ချက်လိုက်တော့၁၁ရက်နေ့မှ ၁၅ရက်နေ့အတွင်းအားကောင်းလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်
မြန်မာ့ပင်လယ်ပြင်မြောက်ပိုင်းအထိစီးမျောရောက်ရှိကာ 850mbar ပေ၅၀၀၀အမြင့်လးစေီးကနေပြီး မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ပိုင်းတွေမှာ မိုးရွာနိုင်တာကိုစိစစ်တွက်ချက်နိုင်ခဲ့လို့ရက်ဝေစကြိုတင်ခန့်မှန်းပေးနိုင်ခဲ့တာဖြစ်ပါတယ်
မိုးသီးကြွေရခြင်း
500mbar ပေ၁၈၀၀၀ အမြင့်မှာ လေအေးစီးကြောင်း ကြောင့် လေထုအပူချိန်လျော့ကျသွားပြီးရေငွေ့တွေကခဲသွားတယ် ရေခဲတုံးတွေအဖြစ်ကနေ တဖြေးဖြေးပြုတ်ကျလာတဲ့အတွက် မိုးသီးကြွေကျခြင်းဖြစ်ပါတယ် လျှပ်စီးမိုးကြိုးရေငွေ့အပူနဲ့လေအေးထုတွေ့ဆုံကြတော့ လျှပ်စီးမိုးကြိုးတွေပါဖြစ်ပေါ်လာတော့တာပေါ့
ချစ်ရတဲ့နိုင်ငံတော်ကြီးနဲ့ တောင်သူလယ်သမားတွေအတွက် အမြဲကြိုးစားပေးနေတဲ့ မင်းဂွတ်သီးလေးရဲ့ မှတ်ကျောက်တစ်ခုပဲပေါ့/crd
Leave a Reply