ထိုင်းမှာ ဆေးစစ်မှုခံယူနေရတဲ့ သူ့ရဲ့ကျန်းမာရေးအခြေအနေကိုပြောပြလာခဲ့တဲ့ ထက်ထက်မိုးဦး
ပရိသတ်ကြီးရေ ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်ကို အောင်မြင်ခဲ့တဲ့ ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်အနည်းငယ်နဲ့ Live Sale ရောင်းချတဲ့အလုပ်တွေကိုလုပ်ကိုင်နေခဲ့ပါသေးတယ်။
ကျန်းမာနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတွေခံစားနေရတာကြောင့် ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း ထက်ထက်က ထိုင်းနိုင်ငံမှာရှိတဲ့ Yanhee International ဆေးရုံမှာ ကျန်းမာရေးအတွက် ဆေးရုံလာပြနေခဲ့ရတာပဲဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အာရုံကြောနဲ့ပတ်သက်ပြီးဖြစ်နေတဲ့ရောဂါအတွက် ဆေးရုံလာပြတာဖြစ်ပြီး နောက်ထပ်လက် လတ်တလော ရေပြားနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့သူရဲ့ကျန်းမာရေးအခြေနေကိုလည်း ပြောပြလာခဲ့ပါတယ်။
“ခုနကအာရုံကြောအခုကအသည်းကြောင့်ဖြစ်တာလားအညိုကွက်တွေပေါင်နဲ့ညာဘက်ဗိုက်မှာရယ်ဘယ်နောက်ကြောရယ်ခုစစ်ကြည့်မှာပါတချို့ကအသည်းရောဂါဖြစ်လာရင်အညိုကွက်တွေထွက်လာတတ်တယ်ပြောတယ်” ဆိုပြီး အသည်းနဲ့ပတ်သက်နိုင်တဲ့ရောဂါလက္ခဏာတွေကိုခံစားနေရကြောင်းရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ထက်ထက်တစ်ယောက်အမြန်ဆုံးရောဂါတွေပျောက်ကင်းဖို့ ပရိသတ်တွေလည်း ဆုတောင်းပေးခဲ့ပါဦးနော်။crd
ထိုင္းမွာ ေဆးစစ္မႈခံယူေနရတဲ့ သူ႔ရဲ႕က်န္းမာေရးအေျခအေနကိုေျပာျပလာခဲ့တဲ့ ထက္ထက္မိုးဦး
ပရိသတ္ႀကီးေရ ထက္ထက္မိုးဦးကေတာ့ တစ္ေခတ္တစ္ခါက လွ်မ္းလွ်မ္းေတာက္ကို ေအာင္ျမင္ခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း အႏုပညာအလုပ္အနည္းငယ္နဲ႔ Live Sale ေရာင္းခ်တဲ့အလုပ္ေတြကိုလုပ္ကိုင္ေနခဲ့ပါေသးတယ္။
က်န္းမာနဲ႔ပတ္သက္ၿပီး ေရာဂါေဝဒနာေတြခံစားေနရတာေၾကာင့္ ထက္ထက္မိုးဦးကေတာ့ အႏုပညာအလုပ္ေတြကို အနည္းငယ္သာလုပ္ကိုင္ေနခဲ့တာပဲျဖစ္ပါတယ္။ ဒီေန႔မွာလည္း ထက္ထက္က ထိုင္းႏိုင္ငံမွာရွိတဲ့ Yanhee International ေဆး႐ုံမွာ က်န္းမာေရးအတြက္ ေဆး႐ုံလာျပေနခဲ့ရတာပဲျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ အာ႐ုံေၾကာနဲ႔ပတ္သက္ၿပီးျဖစ္ေနတဲ့ေရာဂါအတြက္ ေဆး႐ုံလာျပတာျဖစ္ၿပီး ေနာက္ထပ္လက္ လတ္တေလာ ေရျပားနဲ႔ပတ္သက္ၿပီးျဖစ္ေပၚေနတဲ့သူရဲ႕က်န္းမာေရးအေျခေနကိုလည္း ေျပာျပလာခဲ့ပါတယ္။
“ခုနကအာ႐ုံေၾကာအခုကအသည္းေၾကာင့္ျဖစ္တာလားအညိဳကြက္ေတြေပါင္နဲ႔ညာဘက္ဗိုက္မွာရယ္ဘယ္ေနာက္ေၾကာရယ္ခုစစ္ၾကည့္မွာပါတခ်ိဳ႕ကအသည္းေရာဂါျဖစ္လာရင္အညိဳကြက္ေတြထြက္လာတတ္တယ္ေျပာတယ္” ဆိုၿပီး အသည္းနဲ႔ပတ္သက္ႏိုင္တဲ့ေရာဂါလကၡဏာေတြကိုခံစားေနရေၾကာင္းရင္ဖြင့္ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။ ထက္ထက္တစ္ေယာက္အျမန္ဆုံးေရာဂါေတြေပ်ာက္ကင္းဖို႔ ပရိသတ္ေတြလည္း ဆုေတာင္းေပးခဲ့ပါဦးေနာ္။crd
Leave a Reply