အချိန်တန်ရင် ခေါ်အိပ်လိုက် ပြီးရင်ပြန်လွှတ်လိုက်နဲ့ တစ်ချို့မိန်းကလေးတွေဆို …
လက်ဆုပ်လက်ကိုင် ပြစရာ ယောကျ်ားသာ မရှိတာ အိမ်ထောင်သည် ချစ်သူ ရည်းစားတွေ တွဲလာတာ ကြာလာတဲ့အပြင် တစ်ယောက် အကြောင်း တစ်ယောက် သိပြီး (Living Together) လင်မယားလို ဖြစ်နေရင်တော့ လက်ထပ်လိုက်ကြတာ အကောင်းဆုံးပါ ။အချိန်တွေ ဘာတွေ ဆွဲပြီး တွဲနေရင်တော့ ကောင်လေးဘက်က မနစ်နာပေမယ့် ကောင်မလေး ဘက်က အရမ်းကို နစ်နာတယ်။အချိန်တန်ရင် ခေါ်အိပ်လိုက်။ ပြီးရင် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းခလေးတွေဆို လက်ဆုပ် လက်ကိုင် ပြစရာ ယောကျ်ားသာ မရှိတာ … အိမ်ထောင်သည် မိန်းမကြီးတွေနဲ့ တူပြီး Snare သီချင်းထဲကလို ဂျုံးဂျုံး ကျနေပြီ ။နိုင်ငံခြား တိုင်းပြည်တွေကို အားကျပြီး တစ်ယောက် အကြောင်း တစ်ယောက် သိအောင် တစ်ယောက် စရိုက်တွေ တစ်ယောက် လေ့လာနိုင်အောင်လို့ Living together နေကြပြီ။
တခါတလေ သွေးသား ဆန္ဒအရ အတူနေမိ ၊ အတူ အိပ်မိတာကို ဒီဘက်ခေတ်မှာ နားလည်ပေးရပါမယ် ။ လက်ခံပေးရပါမယ်။ဘာမှ မကျူးလွန်မိဘဲ ထိန်းသိမ်းနိုင်ခဲ့ရင်တော့ ယောကျ်ားလေးရော မိန်းခလေးရော တန်ဖိုး အရှိဆုံးပါ။အခုက living together ဆိုတာ s*x ကိစ္စ တခုထဲကိုသာ ဦးတည်နေပြီး အချိန်တန်ရင် ဖုတ်ဖက်ခါပြီး ကိုယ့်အိမ်ကိုယ် ပြန်သွားကြ၊ တွေ့တဲ့ အချိန်တိုင်းလည်း ဒီကိစ္စကိုပဲ ဦးတည်နေကြတော့ တစ်ယောက်ကို တစ်ယောက် လေ့လာဖြစ်ကြသလား ၊ မလေ့လာဖြစ်ကြလားတော့ မသိ ။
ဒီလိုနဲ့ နှစ်တွေ ကြာလာတဲ့အခါမှာ ၊ တချို့ဆို လပိုင်းလေးလောက်နဲ့ ရိုးအီသွားလို့ နောက်တစ်ယောက်ဆီ ခြံခုန်လို့ ရမယ့် အကွက်တွေ မြင်တော့ ” မင်းနဲ့ငါ ဆက်တွဲလို့ အဆင်မပြေတော့ဘူး ” ” မင်းနဲ့ငါ ပြတ်ပီ ” ဆိုတဲ့ စကားလေးတွေနဲ့တင် ကိုယ့်ဘဝကြီး တစ်ခုလုံးကို အစိတ်စိတ် အမွှာမွှာ ဖြိုခွဲသွားပါလိမ့်မယ် ။
မိန်းကလေးတိုင်း ကိုယ့်ချစ်သူကို အပြစ် မရှိတဲ့ ရိုးစင်းတဲ့ ယုန်သူငယ်လေးတွေလို မြင်ကြသလို ကိုယ့်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေး ကာကွယ်ပေးမယ့် သူရဲကောင်းကြီး တွေလိုလည်း အားကိုးတတ်ကြပါတယ်။သူများတွေက ကိုယ့်ချစ်သူကို မကောင်းပြောရင် ၊ သတိပေးရင် လက်မခံကြပါဘူး ။ မကြိုက်ပါဘူး။
သေချာတာကတော့ စွန့်ပစ်ခံ ထားခဲ့ခံရတဲ့ မိန်းမတွေလည်း တချိန်တုန်းကတော့ ငါ့ချစ်သူက ဒီလို ယောကျ်ားမျိုး မဟုတ်ဘူး ။ဒီလို လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြဖူးပါတယ် ။
အဲဒီလိုမျိုး ယုံကြည်မှုတွေကပဲ ရှုံးပြီးရင်း ရှုံးအောင် တွန်းပို့ခဲ့ကြတာပါ ။ဒီခေတ်က ကိုယ့်လက်ထဲ ရောက်နေရင်တောင် ဘယ်သူက လာနှိုက်မလဲလို့ ရင်ပူနေရတဲ့ ခေတ်ပါ။
ကိုယ့် လက်ထဲလည်း မရောက်သေးတဲ့အပြင် ဘဝနဲ့ ရင်းပီးပါ ချစ်ပြထားရင်တော့ အချိန်တန်ရင် ဆုံးရှုံးရမှာ ကိုယ်ပါ။ နာကျင်ရမှာ ကိုယ်ပါ ။နာကြည်းရမှာ ကိုယ်ပါ။ အဲ့ဒီတော့ ကောင်လေးဘက်ကလည်း ကောင်မလေးတွေဘက်ကို ထည့်တွက်ရင် အချိန် အကြာကြီး ဆွဲပြီး မတွဲသင့်ဘူး ။ငါ့ကို ဒီကောင်က အရမ်း ချစ်တာ ၊ ငါ့လက်ထဲက ရုန်းနိုင်မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို သွေးနားထင် မရောက်ပါနဲ့နော် ။Everything is possible ပါ။ ကောင်လေးတွေက ဒီနေ့မှာ ကိုယ့်ကို နတ်သမီးလို့ မြင်ပေမယ့် နောက်တနေ့မှာ ရွှေကြာလို့လည်း မြင်နိုင်ပါတယ်။
အဲ့ဒီတော့ တွဲလာတာ ကြာနေပေမယ့် ရှေ့ရေးတွေ နောက်ရေးတွေ စဉ်းစားနေရလို့ မယူနိုင်သေးဘူး ဆိုရင် သူထားခဲ့တဲ့ အချိန် ကိုယ် ကျန်ခဲ့ရမယ့် အရေးထက် ဘယ်ဟာကမှ အရေးပိုမကြီးနိုင်ဘူး ဆိုတာလည်း ထည့်တွေးပါ ။ကိုယ်က တစ်ယောက် မကောင်းတော့ နောက်တစ်ယောက် ပြောင်းချစ်။ နောက် တစ်ယောက် ကလည်း ဒီအချိုးတွေပဲ ဆိုရင် အသက်ကသာ ကြီးပြီး အခွံ ဘဝသာ ကျန်လိမ့်တယ် ။တန်ဖိုးထား ခံရခြင်း ဆိုတဲ့ အရသာကို မသိလိုက်မှာ စိုးလို့ပါ ။ ယောကျ်ားလေးဘက်က ဖေဖေတွေ မေမေတွေ အကြောင်းပြပြီး အချိန်ဆွဲနေရင်တော့ အခြေအနေ သိပ်မကောင်းပါ ။ဒီနေ့ခေတ် မေမေတွေက သားတွေနဲ့ ပွင့်လင်းမြင်သာ ဆွေးနွေးမှု ရှိပြီး သားနဲ့ အမေ အရာရာ တိုင်ပင်ပြီး လှုပ်ရှားကြတာပါနော် ။အနာတွေ ရှိရင်တော့ စပ်ပါလိမ့်မယ် ။ စပ်စေချင်လို့ ဆားဖြူးတာတော့ မဟုတ်ပါဘူး ။ထားခဲ့ခံရလို့ လာပြီး ရင်ဖွင့်တဲ့ မိန်းခလေးတွေ များလာတာရယ် ၊ တချို့ မိန်းခလေးတွေ ထပ်ပြီး ထားခဲ့တာ ခံရမှာ စိုးတာရယ်ကြောင့် သတိပေးတာပါ ။Living together ကို လက်ကိုင်ထားတယ် ဆိုရင်လည်း မှန်ကန်တဲ့နည်းလမ်းနဲ့ တူဂဲသား နိုင်ကြပါစေ။
Credit To Owner
Leave a Reply