နှစ်တိုင်း အင်္ဂလိပ်လို ၁၃ ရက်ကျမှ သင်္ကြန်ဘာလို့ကျတာလဲ…
၁၂ ရာသီပွဲတော်တို့သည် နှစ်တစ်နှစ်၏ လပြည့်နေ့တွင်သာ ကျင်းပကြသည် ထိုပွဲတော်များအနက် တစ်ခုဖြစ်သော သြင်္ကန် ပွဲတော်သည် တန်ခူးလတွင်ကျင်းပသော်လည်း လပြည့်နေ့တွင် ကျင်းပလေ့မရှိဘဲဧပြီ ၁၃ ရက်တွင်သာ ကျင်းပကာ နှစ်ဆန်း တစ်ရက် ကိုဧပြီ ၁၇ ဟု သတ်မှတ်ရခြင်းသည် နိုင်ငံတကာ ပြက္ခဒိန်ကို ယူထား သလား ဆိုသည်မှာ တွေးစရာဖြစ်လာလေသည်အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့နီးနီးလေးနှင့် ဝေးနေသော ကိစ္စ ဖြစ်ပါသည်။ နှစ်သစ်ကူးရက်သည် ရက်ပေါင်း ၃၆၅ ရက်နှင့် ၆ နာရီကြာမှတစ်နှစ်အတိဖြစ်သောကြောင့် ဧပြီ ၁၇ သည် နှစ်ဆန်း တစ်ရက် ဖြစ်နေခြင်းဟု လွယ်ကူစွာ ဖြေဆိုလိုပါသည်နှစ်ဆန်း တစ်ရက်နှင့်တွဲကာ ဖြစ်ပေါ်လာသောသြင်္ကန်သည်လည်း လအလိုက် ပွဲတော်မဟုတ်တော့ဘဲ နှစ်သစ်ကူးအတွက် ကျင်းပသော တစ်နှစ် ပြည့်နှစ်ပွဲတော်ကြောင့် ဖြစ်ပါသည်လပွဲတော်ကျင်းပရခြင်းမှာ ကျွန်ုပ်တို့နိုင်ငံတွင် အသုံးပြုနေသာ ပြက္ခဒိန် Lunar Calendar သည် လ၏ပြောင်းလဲမှု Moon Phase ဖြစ်သည်လသည် ကမ္ဘာကို တစ်ပတ်ပတ်နိုင်ရန် အချိန် ၂၉ ရက် ၊ ၁၂ နာရီ ၊ ၄၄ မိနစ် ၊ ၃ စက္ကန့်ကြာသည်တစ်နှစ်လျှင် ၃၅၄ ရက် ၊ ၈ နာရီ ၊ ၄၈ မိနစ် ၊ ၃၄ စက္ကန့် ကြာသဖြင့် အနောက်တိုင်း ပြကဒိန်နှင့်စာလျှင် ၁၁ ရက် ရော့နည်းနေသည်
အကြမ်းအားဖြင့်ပြောရလျှင် ၃ နှစ်ကြာသော် တစ်လစာ ရော့နေ သဖြင့် တစ်ကြိမ်ဝါထပ်ပေးကာ တစ်နှစ်လျှင် ၁၃ လကြာ ဖြစ်ပြီးသြင်္ကန်ကိုလည်း ၄ ရက်ကျင်းပခြင်းဖြင့် ရက်ထပ်နှစ်တစ်ရက်တိုး ဖေဖော်ဝါရီ ၂၉ ဆိုသော Leaping Year အနောက်တိုင်း ပြက္ခဒိန်နှင့် သဘောတရား သွားတူနေသည်အနောက်တိုင်းသားတို့သည်လည်း ပြက္ခဒိန်တွက်ချက်ခဲ့ရာတွင် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံး လပြက္ခဒိန် Synodic Months မှ ဆင့်ကဲရင်းနေသွားကို အခြေပြု၍ လထပ်မရှိ ရက်ငင်သာရှိသော တွက်နည်း Gregorian ရရှိခဲ့မှသာ အဆင်ပြေသွားခဲ့သည်ဤ ပြက္ခဒိန်သည် လအယူအဆကို လုံးဝပယ်ခဲ့သည် မဟုတ်ဘဲ တစ်လလျှင် ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ စသည့် ရက်ကွာခြားမှုများဖြင့် တွေ့ရသည်။ တူရကီ ၊ ရုရှတို့က 1917 ရောက်မှ လက်ခံသည် အထိ အချိန် နောက်ကျခဲ့သည် နှစ်သစ်ကူးရက်ကို သိနိုင်ရန် လူတိုင်းနားလည်လွယ်သော Gregorian ပြက္ခဒိန်ရှိနေလျက် အဘယ်ကြောင့် မြန်မာပြက္ခဒိန်ကို ဦးနှောက်စားခံ တွက်နေရသနည်းဆိုလျှင်ဝါကြီးထပ် ၊ ဝါငယ်ထပ် ၊ ရက်ငင် အစရှိသော လူတိုင်းနားမလည်နိုင်သော ရက်စွဲကိုဖြေရှင်းရန် မြန်မာ့ရိုးရာ ပြက္ခဒိန်အခါတော်နေ့ ၊ ရှေးမြန်မာ ဘုရင်အဆက် ဆက်တို့ အသုံးပြုခဲ့သည့် ဝေါဟာရပြက္ခဒိန်နှင့်အခါကြီးရက်ကြီး များကို ပြန်လည်တိုက်ယူနိုင်ရန် ၊ နည်းစနစ်ပိုကျသော ရက်များနှင့် ပွဲတော် ရက်များ ကို တိကျစွာရရှိနိူင်ရန် နှင့် အခြားအကြောင်းတရား များစွာ တို့ကြောင့်ဗေဒင်ပညာရှင် ပြက္ခဒိန်တော်ဆက်အဖွဲ့ကို အစိုးရက ခန့်ထားတွက်ချက်စေခြင်း ဖြစ်သည်
မြန်မာနိုင်ငံတွင် တစ်နှစ်စာအတွက် သူရိယသိဒ္ဓန္တကျမ်းကို အသုံးပြု သည် ဤကျမ်းသည် ကိန်းဂဏန်းတို့ကိုသာ သီးသန့်အခြေခံ တွက်ထားသဖြင့်စက်ကိရိယာ နည်းပညာတို့ဖြင့် တွက်ချက်သော အနောက်တိုင်း ပြက္ခဒိန်လောက် တိတိကျကျ မထွက်သည်ကို ဝန်ခံလိုပါသည်သူရိယသိဒ္ဓန္တတွက်ပုံမှာ၁- သူရိယမာသနှစ် (၁)နှစ်လျှင် (365) ရက် (06:12:37) နာရီ/၂- စန္ဒရမာသ လ (၁)လလျှင် (29) ရက် (12:44:03) နာရီ/၃- စန္ဒရမာသနှစ် (၁)နှစ်လျှင် (354)ရက် (08:48:34) နာရီ/၄- ဝေါဟာရနှစ် (၁)နှစ်လျှင် (354)ရက် (00:00:00) နာရီ/၅- အဓိမာသပြို (၁)ကြိမ်လျှင်(990)ရက် (07:45:37) နာရီ/၆- ရက်ငင်ပြို (၁)ကြိမ်လျှင်(1883)ရက် (12:33:28) နာရီ/၇- စန္ဒရသံဝစ္ဆရ (၁)နှစ်လျှင် (354) ရက် (04:39:15) နာရီ
ဤနည်းများအနက်မှ နံပါတ် -( ၁ )သူရိယမာသနှစ် (ကမ္ဘာမှနေကို ပတ်သော တွက်နည်း)နံပါတ် -( ၃ ) စန္ဒရမာသနှစ် ( လဆန်းနေ့မှ နောက်ဆန်းအထိ ( ၁၂ ) ကြိမ်ပြည့်ချိန် ကိုတွက် သော လပြက္ခဒိန် )နံပါတ် -( ၄ ) ဝေါဟာရနှစ် (သာမာန်နှစ် ဝါကြီးထပ် (၃၈၅) ဝါငယ်ထပ် (၃၈၄) စသည်တို့ပါဝင်သော တွက်နည်း ) ဤတွက်နည်းသုံးမျိုးကို အချိုးချအသုံးပြုတွက်ချက်ခြင်းဖြစ်သည်ထို့ကြောင့် ဝါထပ်ရက်ငင် (ရက်တိုး)သည် အရေးကြီးနေပြန်သဖြင့် သက္ကရဇ်ကို (၁၉) ဖြင့်စားရင်း အကြွင်းကိုမူတည်၍ ဝါထပ်နှစ်တို့ကို သတ်မှတ်သည်ဆရာအမျိုးမျိုး ၊ တွက်နည်းအမျိုးမျိုး ၊ အကြွင်း အမျိုးမျိုး တို့ဖြင့် ဆုံးဖြတ်သော်လည်း ညောင်ကန်ဆရာတော်၏ ဆုံးဖြတ်ချက်ဖြင့် (၁ ၊၄ ၊၇ ၊၁၀ ၊၁၂ ၊၁၅ ၊၁၈ ) ကြွင်းကို ဝါထပ်နှစ် အဖြစ် သတ်မှတ်ခဲ့သည်(၁၃၁၂) တွင်( ၁ ၊၄ ၊၆ ၊၉ ၊၁၂ ၊၁၅ ၊၁၇ ) ပြုလုပ်နိုင်ခဲ့သဖြင့် မြန်မာ ပြက္ခဒိန်နှစ်ဆန်း( ၁ ) ရက်သည် အနောက်တိုင်းနှင့် သွားတူသည်ဤ နည်းသည် နှစ်ပေါင်း( ၆၀ ) နှင့် (၁၄၄ )ရက်အကြာမှ အနောက်တိုင်းနှင့် မြန်မာ ပြက္ခဒိန်( ၁ ) ရက်သာကွာတော့သည်ထို့ကြောင့် BC – 3000 ၌ ဖေဖော်ဝါရီ ( ၁၈ ) ရက်နေ့တွင် သြင်္ကန်တက်ခဲ့သည်။ ထို့ကြောင့် ဘကြီးတော်လက်ထက်က ဧပြီ ( ၁၃ ) တွင်သြင်္ကန်တက်ခဲ့သည်။မြန်မာသက္ကရဇ် ( ၁၂၈၁ )ခု (1919 ) တွင် ဧပြီ (၁၆) တွင် သြင်္ကန် တက်သည်ဟု ကြေညာကာ ယနေ့အထိပင် သုံးစွဲအသုံးပြု နေပါကြောင်း ရေးသားတင်ဆက်လိုက်ပါသည်
Leave a Reply