အသက်၂၅နှစ်အရွယ်မှာ သန်း၅၀၀တန်ဖိုးရှိသောအိမ်ကြီးအား အလုပ်မျိုးစုံလုပ်ပြီး မိဘနှစ်ပါးအတွက် ဆောက်လုပ်ပေးနိုင်ခဲ့တဲ့ မိန်းမလှလေး..
ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့တွင် နေထိုင်သော Duong Tram အမည်ရှိသော အသက် ၂၅နှစ်အရွယ် မိန်းကလေးဟာ လိမ်မာရေးခြားရှိပြီး တက္ကသိုလ်တက်နေစဥ် ကျူရှင်လခအဖြစ် အိမ်ကထည့်ပေးသော ပိုက်ဆံများကို ကျူရှင်မတက်ပဲ စုဆောင်းခဲ့ပါတယ်။
မိန်းကလေးဟာ ကျောင်းတက်နေစဥ်အတွင်း အိမ်ကမသိအောင် အချိန်ပိုင်းအလုပ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အွန်လိုင်းကနေလည်း အလှကုန် ပစ္စည်းများကို ရောင်းချခဲ့သေးတယ်။
ထို့နောက် မိန်းကလေးဟာ ဘွဲ့လက်မှတ်အား ရရှိပြီးချိန်တွင် လစာကောင်းသည့် ဖက်ရှင်စတိုးတစ်ခု၏ မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့ပြီး စွဲမက်ဖွယ်ကောင်းသော အလှတရားကိုလည်..း ပိုင်ဆိုင်ထားသည့်အတွက် ဖက်ရှင်မော်ဒယ်တစ်ယောက်အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။
ယခုအခါမိန်းကလေးက မိဘနှစ်ပါးအတွက် အသက် ၃၀နှစ်မတိုင်မီ ဖြည့်ဆည်းပေးချင်ခဲ့သော အိပ်မက်လေးအား လက်တွေ့အကောင်ထည်ဖော်ပေးခြင်းဖြင့် ဗီယက်နမ် သန်း၅၀၀တန်ကုန်ကျသော အိမ်ကြီးအား ဆောက်လုပ်ပေးနိုင်ခဲ့ပြီး အများ၏ ချီးမွမ်းခြင်းများစွာ ခံနေရပါတယ်။crd
Leave a Reply