သရဏဂုံ အကျိုး ဓားမတိုးပေ
ဒီပဲရင်းမြို့နယ် ကျွန်းရင်းရွာကျောင်းဆရာတော်ဦးဝါယမသည်လည်း သရဏဂုံတန်ခိုးကြောင့်သာလျှင်အသက်ဘေးမှ သီသီကလေးကင်းလွတ်ခဲ့ရသည်တစ်နေ့တွင် အတွင်းဒါယကာများပါသော ဓားပြအဖွဲ့ကျောင်းသို့ဝင်၍ ဓားပြတိုက်ကြသည်။ဘုရားခန်းမှအဖိုးတန်ပစ္စည်းများကိုယူရုံမကပဲ သူတို့အဖွဲ့ထဲမှအတွင်းလူတယောက်ကိုဘုန်းကြီးကသိသွားသည့်အတွက် လက်စလက်နဖျောက်သည့်အနေဖြင့် ဘုန်းကြီးကိုပါသတ်ပစ်ရန် လက်ပြန်ကြိုးတုပ်ပြီး ကျောင်းအနောက်ဖက်လျိုကြီးထဲသို့ခေါ်သွားပါတော့သည်။
သတ်မည့်နေရာရောက်သည့်အခါအကြိမ်ကြိမ်လွှတ်ပေးဖို့ရန် အသနာခံသော်လည်း လွှတ်မပေးပေအသနားခံလို့မရတော့မည့်အတူတူ ဘာမှထပ်ပြော
မနေတော့ပဲ ဘုရားရှိခိုးခွင့်အချိန်လေးကိုတောင်းလိုက်ပြီး ရွတ်ဖတ်သရဇ္ဈာယ်နေကျ သရဏဂုံသုံးပါးကိုယုံယုံကြည်ကြည်ဖြင့် ရွတ်ဆိုကန်တော့လိုက်ပါတော့သည်။
သရဏဂုံသုံးပါး ဆုံးသည်နှင့်တပြိုင်နက် မိုးမှောင်ကြီးကျလာပြီး လျှပ်စီးများလက်ကာ ဓားပြတို့၏ ပတ်ဝန်းကျင်တွင် မိုးကြိုးများ အဆက်မပြက်ပစ်ခတ်ပါတော့သည်။
ဘုန်းကြီးကိုမသတ်နိုင်ရုံမကဘဲ ထုပ်ပိုးထားသောပစ္စည်းများနှင့် လက်နက်များကိုပင် ထားခဲ့ကာဓားပြများ ကိုယ်လွတ်ရုံး၍ မိမိတို့ခြေဦးတည့်ရာအလန့်တကြား ထွက်ပြေးကြတော့သည်။ဦးဝါယမကိုတုပ်ထားသောကြိုးများလည်းအလိုလိုပင်ဖြေပြီးသားဖြစ်သွားတော့သည်။“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ” စင်စစ်တရားတော်ကိုကျင့်ကြံသောပုဂ္ဂိုလ်အား တရားတော်သည်ပြန်လည်၍စောင့်ရှောက်ပေသည်တကား။
(မေတ္တာရှင်ရွှေပြည်သာ ၏ မျက်ရည်မကျခင်သိစေချင် စာအုပ် စာမျက်နှာ ၁၄၂ – ၁၄၃ မှကူးယူရေးသား ဓမ္မဒါန ပြုလိုက်ပါ၏ )
အမှန်တကာယ် အန္တရာယ်ကင်း၍ ကောင်းကျိုးချမ်းသာရလိုပါလျှင် မြတ်ဗုဒ္ဓဟောကြားတော်မူအပ်သောသရဏဂုံ သုံးပါးကို နေ့စဉ်ညတိုင်း ရွတ်ဖတ်သရဇ္ဈာယ်သင့်ပါသည်။
ထိုကဲ့သို့ ရွတ်ဖတ်သရဇ္ဈာယ်သူအားဘေးရန်အပေါင်းတို့မကျမရောက်နိုင်ပဲ ကောင်းကျိုးချမ်းသာများ ခံစားကြရမည်ဖြစ်ပါသည်။
သရဏဂုံ သုံးပါး
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ မြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ပါ၏
ဓမ္မံ သရဏံ ဂစ္ဆာမိတရားတော်မြတ်အား ကိုးကွယ်ဆည်းကပ်ပါ၏
သံဃံ သရဏံ ဂစ္ဆာမိအရိယာ သမုတိ နှစ်ဖြာရှိသည့် သံဃာတော်အပေါင်းအရှင်ကောင်းတို့ကို ကိုးကွယ်ဆည်းကပ်ပါ၏။
ဒုတိယမ္ပိ ………………
တတိယမ္ပိ………………
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သောဒါယကာ ဒါယိကာမအပေါင်းနှင့်တကွ အလုံးစုံသောသတ္တဝါမှန်သမျှအနန္တတို့ ဘေးအပေါင်း ရန်အပေါင်း
အန္တရာယ်အပေါင်း ရောဂါအပေါင်းမှ ကင်းဝေးပြီးစိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံကြကာ စီးပွားဥစ္စာ ရတနာတို့ တစ်နေ့တစ်ခြားဒီရေအလားသို့ တိုးတတ်ကြီးပွား ပျော်ရွှင်နိုင်ကြပါစေ။
Leave a Reply