အစ်ကိုဖြစ်သူ သီဟတင်စိုးရဲ့ သမီးလေးကို တာဝန်ယူစောင့်ရှောက်ပေးမယ့် ညီမဖြစ်သူ ခင်စံပယ်ဦး

အစ်ကိုဖြစ်သူ သီဟတင်စိုးရဲ့ သမီးလေးကို တာဝန်ယူစောင့်ရှောက်ပေးမယ့် ညီမဖြစ်သူ ခင်စံပယ်ဦး

ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုး ကွယ်လွန်သွားပြီးနောက်သမီးဖြစ်သူ စံပယ်ဖူးငုံဦးကို တာဝန်ယူစောင့်ရှောက်ပေးသွားမယ်လို့ ညီမဖြစ်သူ ခင်စံပယ်ဦးက သူမအသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာကနေအသိပေးလာပါတယ်။

သီဟတင်စိုးရဲ့ဇနီး အကယ်ဒမီ သရုပ်ဆောင် ဇင်မာဦး က ၂၀၂၁ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့က အဆုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက်သမီးဖြစ်သူကို ခေါ်ယူစောင့်ရှောက်ပေးထားတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ခင်စံပယ်ဦး က “ကိုညာဆုံးတာ၄လမပြည့်သေးဘူးကိုကြီးရေအကိုတွေထဲမှာသဘောအကောင်းဆုံး မဇင်မာမဆုံးခင်ကသမီးကိုကလေးတွေကိုအပ်သွားတယ်။

အမေ့ ကိုလည်းသမီးကနေတဆင့်တောင်းပန်ကန်တော့သွားတယ်။အမေကကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့။ သမီးလေး စပယ်ဖူးငုံဦးကိုမဇင်မာမရှိတော့ကတည်းကသမီးတို့အိမ်မှာပဲနေတာအခုတော့သူ့သမီးလေးကိုစိတ်ချထားသွားခဲ့ပြီ။

ကလေး၂ယောက်ကိုသမီးတို့အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ်ကိုကြီးရေ၊အေးချမ်းတဲ့ဘုံဘဝကိုစိတ်ဖြောင့်ဖြောင့်နဲ့သွားပါနော်”လို့ ရင်ဖွင့်ရေးသားထားတာတွေ့ရပါတယ်။
ထပ်ဆင့် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး (အသက် ၅၇နှစ်)က ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ နေ့လည် (၁၂) နာရီခန့်တွင် နှလုံးရောဂါနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

သီဟတင်စိုး ဟာ ‘ငရဲသား’ ဇာတ်ကား နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး သရုပ်ဆောင်ဆုများကို ရရှိခဲ့သူဖြစ်ပြီး နှလုံးခွဲစိတ်ကုသထားရသူတစ်ဦးလည်းဖြစ်ပါတယ်။
Credit

အစ္ကိုျဖစ္သူ သီဟတင္စိုးရဲ႕ သမီးေလးကို တာဝန္ယူေစာင့္ေရွာက္ေပးမယ့္ ညီမျဖစ္သူ ခင္စံပယ္ဦး

ထပ္ဆင့္ အကယ္ဒမီ သီဟတင္စိုး ကြယ္လြန္သြားၿပီးေနာက္သမီးျဖစ္သူ စံပယ္ဖူးငုံဦးကို တာဝန္ယူေစာင့္ေရွာက္ေပးသြားမယ္လို႔ ညီမျဖစ္သူ ခင္စံပယ္ဦးက သူမအသုံးျပဳတဲ့ လူမႈကြန္ယက္စာမ်က္ႏွာကေနအသိေပးလာပါတယ္။

သီဟတင္စိုးရဲ႕ဇနီး အကယ္ဒမီ သ႐ုပ္ေဆာင္ ဇင္မာဦး က ၂၀၂၁ ခုႏွစ္၊ မတ္လ (၁၁) ရက္ေန႔က အဆုတ္ ကင္ဆာေရာဂါျဖင့္ ကြယ္လြန္ခဲ့ၿပီးေနာက္သမီးျဖစ္သူကို ေခၚယူေစာင့္ေရွာက္ေပးထားတဲ့ အေၾကာင္းနဲ႔ပတ္သက္ၿပီး ခင္စံပယ္ဦး က “ကိုညာဆုံးတာ၄လမျပည့္ေသးဘူးကိုႀကီးေရအကိုေတြထဲမွာသေဘာအေကာင္းဆုံး မဇင္မာမဆုံးခင္ကသမီးကိုကေလးေတြကိုအပ္သြားတယ္။

အေမ့ ကိုလည္းသမီးကေနတဆင့္ေတာင္းပန္ကန္ေတာ့သြားတယ္။အေမကကိုႀကီးတို႔ကိုခြင့္လြတ္ပါတယ္တဲ့။ သမီးေလး စပယ္ဖူးငုံဦးကိုမဇင္မာမရွိေတာ့ကတည္းကသမီးတို႔အိမ္မွာပဲေနတာအခုေတာ့သူ႔သမီးေလးကိုစိတ္ခ်ထားသြားခဲ့ၿပီ။

ကေလး၂ေယာက္ကိုသမီးတို႔အတတ္ႏိုင္ဆုံးေစာင့္ေရွာက္ပါ့မယ္ကိုႀကီးေရ၊ေအးခ်မ္းတဲ့ဘုံဘဝကိုစိတ္ေျဖာင့္ေျဖာင့္နဲ႔သြားပါေနာ္”လို႔ ရင္ဖြင့္ေရးသားထားတာေတြ႕ရပါတယ္။
ထပ္ဆင့္ အကယ္ဒမီ ႐ုပ္ရွင္သ႐ုပ္ေဆာင္ သီဟတင္စိုး (အသက္ ၅၇ႏွစ္)က ေဖေဖာ္ဝါရီလ (၂၁) ရက္ေန႔၊ ေန႔လည္ (၁၂) နာရီခန႔္တြင္ ႏွလုံးေရာဂါနဲ႔ သကၤန္းကြၽန္း စံျပေဆး႐ုံမွာ ကြယ္လြန္ခဲ့ပါတယ္။

သီဟတင္စိုး ဟာ ‘ငရဲသား’ ဇာတ္ကား နဲ႔ အေကာင္းဆုံး ဒါ႐ိုက္တာဆု ၊ အေကာင္းဆုံး သ႐ုပ္ေဆာင္ဆုမ်ားကို ရရွိခဲ့သူျဖစ္ၿပီး ႏွလုံးခြဲစိတ္ကုသထားရသူတစ္ဦးလည္းျဖစ္ပါတယ္။
Credit


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *