နံမည်ရှေ့နောက်ထားမှုပြသနာနဲ့ပတ်သတ်ပြီး တစ်ချိန်က ရူပ်ရှင်ဇတ်ကားတစ်ခုမှာ ဖွေးဖွေးရဲ့ နံမည်ကို ရှေ့မှာထားခဲ့တဲ့အပေါ် သက်မွန်မြင့်ရဲ့ စိတ်နေစိတ်ထား….
သရုပ်ဆောင် ခြူးလေးနဲ့ မေမီကိုကိုက ဇာတ်ပြိုင်သရုပ်ဆောင်ရမယ့် ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခြူးလေးက သူမ နာမည်ကို ရှေ့မှာမထားလို့ မရိုက်တော့ဘူးဆိုပြီးကန်တော့ပေးပွဲမှာပြန်သွားခဲ့ပါတယ်၊ အဲ့ဒါနဲ့ ဒါရိုက်တာဟိန်းစိုးက သရုပ်ဆောင် အင်ကြင်းထူးကို သရုပ်ဆောင် ခြူးလေးနေရာအစားထိုးလိုက် ပါတယ်နော်။
ပရိတ်သတ်အချို့ကတော့ နမည်ဟာ အရေးမကြီးကြောင်း သရုပ်ဆောင်ပိုင်းမှာသာတော်ရင် ပရိတ်သတ်ရင်ထဲရောက်မှာဖြစ်ကြောင်း ပြောကြသလို တစ်ချို့ကလည်း စီနီယာ ဂျူနီယာ လေးစားမှု ရှိသင့်ကြောင်း ပြောလာခဲ့ပါတယ်။
ထိုကိစ္စနဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းအငယ်က သက်မွန်မြင့်နဲ့ ဖွေးဖွေးတို့ ရိုက်ကူးခဲ့ကြတဲ့ Love Equation ရုပ်ရှင်နဲ့ ယှဉ်ပြီး ဝေဖန်ကြပါတော့တယ်။ သက်မွန်မြင့်ဟာဖွေးဖွေးထက် အနုပညာလောကထဲအရင်ဝင်ရောက်ခဲ့ပြီး ကျော်ကြားခဲ့ပေမယ့် ဖွေးဖွေးရဲ့ နံမည်ကို ရှေ့မှာထားလို့ အပြုံးမပျက်ခဲ့ပါဘူး ပရိတ်သတ်ကြီးရေ။
Credit
Credit
Leave a Reply