ပျောက်ဆုံးနေတာ (၄) ရက်ကြာပြီးမှ ရေကန်ထဲမှာ ရုပ်အလောင်းပြန်တွေ့ခဲ့တယ်ဆိုတဲ့ ကလေးသရုပ်ဆောင် အားကိုးရာရဲ့ညီတဝမ်းကွဲလေး

ပျောက်ဆုံးနေတာ (၄) ရက်ကြာပြီးမှ ရေကန်ထဲမှာ ရုပ်အလောင်းပြန်တွေ့ခဲ့တယ်ဆိုတဲ့ ကလေးသရုပ်ဆောင် အားကိုးရာရဲ့ညီတဝမ်းကွဲလေး

ကလေးသရုပ်ဆောင် အားကိုးရာကတော့ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ထားတာမို့ ပရိသတ်တွေအားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။ “ကျွန်မကမဟေသီ” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ အားကိုးရာဟာ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ထင်ရှားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “မဟူရာပုလဲ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အားကိုးရာဟာ ပခုက္ကူမြို့မှာပျောက်ဆုံးသွားတဲ့ (၆) နှစ်အရွယ် ညီဝမ်းကွဲလေးနဲ့ပတ်သက်ပြီး ပရိသတ်ကို အကူအညီတောင်းခံလာခဲ့တာပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဒီကနေ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ အားကိုးရာရဲ့ညီလေးဟာ စတင်ပျောက်သွားခဲ့တဲ့ နယူးဒေးဆီဆိုင်ရေကန်ထဲမှာပဲ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အားကိုးရာကတော့ သူ့ရဲ့ညီလေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ အကူအညီတောင်းခံခဲ့ပေမယ့် ဒီကနေ့ (၂၂) ရက်နေ့မှာတော့ မယုံနိုင်စရာသတင်းဆိုးနဲ့ ကြုံခဲ့ရတာပဲဖြစ်ပါတယ်။ မိဘတွေအတွက်ကတော့ တကယ့်ကို ရင်ကွဲစရာသတင်းဆိုးတစ်ခုပါပဲ။

ေပ်ာက္ဆုံးေနတာ (၄) ရက္ၾကာၿပီးမွ ေရကန္ထဲမွာ ႐ုပ္အေလာင္းျပန္ေတြ႕ခဲ့တယ္ဆိုတဲ့ ကေလးသ႐ုပ္ေဆာင္ အားကိုးရာရဲ႕ညီတဝမ္းကြဲေလး

ကေလးသ႐ုပ္ေဆာင္ အားကိုးရာကေတာ့ ဇာတ္လမ္းတြဲေတြမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာမို႔ ပရိသတ္ေတြအားလုံး ရင္းႏွီးၿပီးသားျဖစ္မွာပါ။ “ကြၽန္မကမေဟသီ” ဇာတ္လမ္းတြဲမွာ ပရိသတ္ေတြရဲ႕ အားေပးမႈကိုရရွိခဲ့တဲ့ အားကိုးရာဟာ “ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာစာေရးလို႔ထားခ်င္တယ္” ဇာတ္လမ္းတြဲမွာလည္း ကေလးသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ထင္ရွားခဲ့တာပဲျဖစ္ပါတယ္။ လက္ရွိထုတ္လႊင့္ျပသေနတဲ့ “မဟူရာပုလဲ” ဇာတ္လမ္းတြဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာကိုေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာေတာ့ အားကိုးရာဟာ ပခုကၠဴၿမိဳ႕မွာေပ်ာက္ဆုံးသြားတဲ့ (၆) ႏွစ္အ႐ြယ္ ညီဝမ္းကြဲေလးနဲ႔ပတ္သက္ၿပီး ပရိသတ္ကို အကူအညီေတာင္းခံလာခဲ့တာပရိသတ္ႀကီးလည္း သိၿပီးသားျဖစ္မွာပါ။ ဒါေပမယ့္ ဒီကေန႔ ေဖေဖာ္ဝါရီလ (၂၂)ရက္ေန႔မွာေတာ့ ေပ်ာက္ဆုံးေနတဲ့ အားကိုးရာရဲ႕ညီေလးဟာ စတင္ေပ်ာက္သြားခဲ့တဲ့ နယူးေဒးဆီဆိုင္ေရကန္ထဲမွာပဲ ႐ုပ္အေလာင္းကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

အားကိုးရာကေတာ့ သူ႔ရဲ႕ညီေလးနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ (၁၉) ရက္ေန႔မွာ အကူအညီေတာင္းခံခဲ့ေပမယ့္ ဒီကေန႔ (၂၂) ရက္ေန႔မွာေတာ့ မယုံႏိုင္စရာသတင္းဆိုးနဲ႔ ႀကဳံခဲ့ရတာပဲျဖစ္ပါတယ္။ မိဘေတြအတြက္ကေတာ့ တကယ့္ကို ရင္ကြဲစရာသတင္းဆိုးတစ္ခုပါပဲ။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *