မိဘများမရှိတော့တဲ့နောက် နှစ်လသားအရွယ်ကတည်းက ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်တွေကို တိုက်ခန်းတစ်ခန်းနဲ့ ကန်တော့ခဲ့တဲ့ မိတ်ကပ်လင်းလင်း

မိဘများမရှိတော့တဲ့နောက် နှစ်လသားအရွယ်ကတည်းက ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်တွေကို တိုက်ခန်းတစ်ခန်းနဲ့ ကန်တော့ခဲ့တဲ့ မိတ်ကပ်လင်းလင်း

နိုင်ငံကျော်အလှဖန်တီးရှင် လင်းလင်းကတော့ ပရိသတ်တွေမသိတဲ့သူမရှိလောက်အောင် အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ လင်းလင်းဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဆိုပေမယ့် ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဆယ်လီဘရစ်တီတစ်ယောက်ဆိုလည်း မမှားပါဘူး။ အောင်မြင်လာတာနဲ့အမျှ ကျေးဇူးရှင်တွေကိုလည်း မမေ့မလျော့ကျေးဇူးဆပ်နေတဲ့ မိတ်ကပ်လင်းလင်းဟာ ဒီကနေ့မှာလည်း သူ့ရဲ့အဒေါ်တွေကို ကျေးဇူးဆပ်ခဲ့ကြောင်းဝေမျှလာပါတယ်။

မိတ်ကပ်လင်းလင်းက “ငယ်စဉ် နှစ်လသား ကလေးဘဝထဲက မိဘများမရှိတော့တဲ့နောက် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သော ကြီးမေကြီးတို့အား သက်ရှိထင်ရှားရှိစဉ် နေထိုင်နိုင်ဖို့အတွက် လင်းရဲ့လုပ်အားခ ချွေးနည်းစာလေးနဲ့ ရတဲ့ဝင်ငွေထဲများထဲမှ တိုက်ခန်းလေးတစ်ခန်းဝယ်ယူပြီး ကန်တော့ခဲ့ပါတယ်🙏 ဒီနေ့အတွက်တော့ လင်းဖြစ်ချင်တဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိ များစွာ ခံစားရပါတယ် ရှင်။ အစစအရာရာ မိသားစုလို ကူညီပေးခဲ့တဲ့အတွက် ဦးမင်းကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ရဲ့ပီတိလေးကို မျှဝေပေးလာပါတယ်။

မိတ်ကပ်လင်းလင်းကတော့ သူ့ကိုငယ်စဉ်က စောင့်ရှောက်ခဲ့တဲအဒေါ်တွေကို သူ့ရဲ့ချွေးနည်းစာနဲ့ တိုက်ခန်းတစ်ခန်းဝယ်ယူပြီး ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။ ကျေးဇူးရှင်ကို ကျေးဇူးသိတတ်တဲ့ မိတ်ကပ်လင်းလင်းတစ်ယောက် ဒီထက်မက အောင်မြင်ကြီးပွားတိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။crd

မိဘမ်ားမရွိေတာ့တဲ့ေနာက္ ႏွစ္လသားအ႐ြယ္ကတည္းက ေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့တဲ့ အေဒၚေတြကို တိုက္ခန္းတစ္ခန္းနဲ႔ ကန္ေတာ့ခဲ့တဲ့ မိတ္ကပ္လင္းလင္း

ႏိုင္ငံေက်ာ္အလွဖန္တီးရွင္ လင္းလင္းကေတာ့ ပရိသတ္ေတြမသိတဲ့သူမရွိေလာက္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္ပါတယ္။ လင္းလင္းဟာ မိတ္ကပ္ပညာရွင္တစ္ေယာက္ဆိုေပမယ့္ ေၾကာ္ျငာေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ဖူးတဲ့ ဆယ္လီဘရစ္တီတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ေအာင္ျမင္လာတာနဲ႔အမွ် ေက်းဇူးရွင္ေတြကိုလည္း မေမ့မေလ်ာ့ေက်းဇူးဆပ္ေနတဲ့ မိတ္ကပ္လင္းလင္းဟာ ဒီကေန႔မွာလည္း သူ႔ရဲ႕အေဒၚေတြကို ေက်းဇူးဆပ္ခဲ့ေၾကာင္းေဝမွ်လာပါတယ္။

မိတ္ကပ္လင္းလင္းက “ငယ္စဥ္ ႏွစ္လသား ကေလးဘဝထဲက မိဘမ်ားမရွိေတာ့တဲ့ေနာက္ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ခဲ့ေသာ ႀကီးေမႀကီးတို႔အား သက္ရွိထင္ရွားရွိစဥ္ ေနထိုင္ႏိုင္ဖို႔အတြက္ လင္းရဲ႕လုပ္အားခ ေခြၽးနည္းစာေလးနဲ႔ ရတဲ့ဝင္ေငြထဲမ်ားထဲမွ တိုက္ခန္းေလးတစ္ခန္းဝယ္ယူၿပီး ကန္ေတာ့ခဲ့ပါတယ္🙏 ဒီေန႔အတြက္ေတာ့ လင္းျဖစ္ခ်င္တဲ့ ဆႏၵေတြကို အေကာင္အထည္ေဖာ္ခြင့္ရတဲ့အတြက္ ဝမ္းသာပီတိ မ်ားစြာ ခံစားရပါတယ္ ရွင္။ အစစအရာရာ မိသားစုလို ကူညီေပးခဲ့တဲ့အတြက္ ဦးမင္းကိုလည္း ေက်းဇူးတင္ပါတယ္” ဆိုၿပီး သူ႔ရဲ႕ပီတိေလးကို မွ်ေဝေပးလာပါတယ္။

မိတ္ကပ္လင္းလင္းကေတာ့ သူ႔ကိုငယ္စဥ္က ေစာင့္ေရွာက္ခဲ့တဲအေဒၚေတြကို သူ႔ရဲ႕ေခြၽးနည္းစာနဲ႔ တိုက္ခန္းတစ္ခန္းဝယ္ယူၿပီး ကန္ေတာ့ခဲ့တာပဲျဖစ္ပါတယ္။ ေက်းဇူးရွင္ကို ေက်းဇူးသိတတ္တဲ့ မိတ္ကပ္လင္းလင္းတစ္ေယာက္ ဒီထက္မက ေအာင္ျမင္ႀကီးပြားတိုးတက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *