အရင်နဲ့လုံးဝမတူတော့တဲ့ ပုံစံအသစ်ကြောင့် ပရိသတ်တွေရဲ့ မမှတ်မိုနိုင်လောက်အောင်ကိုရှိနေတဲ့ အဆိုတော် G Fatt
အရင်နဲ့လုံးဝမတူတော့တဲ့ ပုံစံအသစ်ကြောင့် ပရိသတ်တွေရဲ့ မမှတ်မိုနိုင်လောက်အောင်ကိုရှိနေတဲ့ အဆိုတော် G Fatt
Rap သီချင်းကောင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်အားပေးခြင်းခံရတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ G Fatt ဟာ လူငယ်ကြိုက်အဆိုတော်တစ်ယောက်ဆိုပေမယ့် အေးအေးဆေးဆေးနေတတ်ပြီး တည်ငြိမ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးတစ်ယောက်ပီပီ ဓာတ်ပုံတွေရိုက်တာကိုဝါသနာမပါပဲ ပရိသတ်တွေကိုလည်း လိုအပ်မှသာ ဓာတ်ပုံတွေကိုမျှဝေလေ့ရှိတဲ့ G Fatt ဟာ ဒီကနေ့မှာတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
G Fatt က ဖုန်းကြော်ငြာတစ်ခုအတွက် သူ့ရဲ့ဓာတ်ပုံသစ်တွေကို ဖေ့စ်ဘုတ်ပေ့ချ်ကနေတဆင့် မျှဝေလာပါတယ်။ အဆိုပါဓာတ်ပုံတွေမှာ G Fatt ဟာ အရင်ပုံစံနဲ့ လုံးဝမတူညီတော့တဲ့အပြင် ခန္ဓာကိုယ်ကလည်း သိသိသာသာဝလာခဲ့တာကြောင့် ပရိသတ်တွေက မမှတ်မိနိုင်လောက်တဲ့အထိ ဖြစ်နေကြတာပဲဖြစ်ပါတယ်။
G Fatt ကတော့ အရင်က ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိပြီး လက်ရှိမှာတော့ ခန္ဓာကိုယ်သိသိသာသာဝလာခဲ့တာ ပုံစံပြောင်းသွားခဲ့တာကြောင့် ပရိသတ်တွေက မမှတ်မိနိုင်လောက်အောင်ဖြစ်နေရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် G Fatt ဟာ သရုပ်ဆောင်မင်းသားတစ်ယောက်မဟုတ်ပဲ အဆိုတော်တစ်ယောက်သာဖြစ်တာမို့ သူ့ရဲ့ခန္ဓာကိုယ်ပိန်ခြင်းဝခြင်းဟာ သူ့ရဲ့အနုပညာအလုပ်တွေအပေါ် ထိခိုက်မှုလုံးဝမရှိပါဘူး။crd
Posted
in
by
Tags:
Comments
Leave a Reply
Your email address will not be published. Required fields are marked *