လောပန်းကို လိမ်ရောင်းလိုက်တဲ့ ကျောက်က သိန်း ၁၂၀၀ဖိုး အောင်သွားတဲ့ ငတိုးရဲ့အဖြစ်
ငတိုးတစ်ယောက် ချမ်းသာရမယ်ဆိုပြီး ဖားကန့်မှော်ထဲကို တက်လာခဲ့လိုက်တာ နှစ်တွေလည်း အတော်ကြာခဲ့ပြီ။ကျောက်လေးတွေလည်း ရပါရဲ့။သုံးလိုက်ဖြုန်းလိုက်နဲ့ သူဌေးဖြစ်ဖို့က အိပ်မက်က ဝေးလေ ဝေးလေဖြစ်နေတယ်။ဖားကန့်မှာ အနေကြာလာတော့ မှော်ကြာငတိုးဆိုတဲ့ ဂုဏ်တစ်ခုတော့ပိုင်လာခဲ့တယ်။မှော်ကြာလည်းဖြစ်လာတော့ မကောင်းတာတွေရော ကောင်းတာတွေပါ အစုံလုပ်တတ်နေပြီ။ကျောက်ဂျင်းထည့်ခြင်း အနုပညာပေါ့။ဒီနေ့လည်း လောပန်းတစ်ယောက်ကို ကျောက်ပြမယ်ဆိုပြီးချိန်းထားတာကျောက်ကမရှိတော့ မြေစာပုံကနေ သူများတွေ မလိုချင်လို့ လွှင့်ပစ်ထားတဲ့ ကျောက်မျိုးတစ်လုံးကောက်လာခဲ့လိုက်တယ်။လောပန်းကို ဂျင်းထည့်မယ်ပေါ့။ဂျင်းကလည်း မထည့်လို့မရဘူး။မနက်ဖြန်ဆို ချစ်သူများနေ့။သူပိုးပန်းနေတဲ့ကောင်မလေးကို လက်ဆောင်ပေးချင်နေတာ။
ပိုက်ဆံကမရှိတော့ လောပန်းကို ကျောက်လိမ်ရောင်းဖို့ကြံရတာပေါ့။လောပန်းဆီရောက်တဲ့အခါမှာတော့ လမ်းဘေးမြေစာပုံက ကောက်လာတဲ့ ကျောက်ကို ထုတ်ပြလိုက်တယ်။လောပန်းလည်း ကျောက်ကိုကြည့်ပြီး ဘယ်လောက်ထားရောင်းမှာလဲလို့ ငတိုးကို မေးလိုက်တယ်။ငတိုးကလည်း “လောပန်း အဲ့ကျောက်က ကျနော် ဝယ်ထားတာ ၇သိန်းနဲ့ ဒါကြောင့် လပ်ကီးနည်းနည်း ပိုပေးပြီးယူလိုက်ပါ”လို့ ပြောလိုက်တယ်။လောပန်းလည်း ငတိုးပြောတဲ့ အတိုင်း လပ်ကီး ၁သိန်းထည့်ပေးပြီး ၈သိန်းနဲ့ ယူလိုက်ပါတယ်။ငတိုးလည်း ငွေရှစ်သိန်းရတာနဲ့ ဖားကန့်က ပစ္စည်းကောင်းတွေရောင်းတဲ့ဆိုင်ကို ပြေးတာပေါ့။
သူပိုးပန်းနေတဲ့ ကောင်မလေးတွေအတွက် ဈေးကြီးတဲ့ အကောင်းဆုံး ပစ္စည်းတွေကို ဝယ်ပြီး အိမ်ကိုပြန်ခဲ့တော့တယ်။နောက်နေ့မနက် စောစောမှာပဲ ပိုးကြေးပစ္စည်းတွေယူပြီး သူပိုးပန်းနေတဲ့ကောင်မလေးရဲ့ ထမင်းဆိုင်သွားပါပြီ။ငတိုးဆိုင်ကို ရောက်လိုက်တာနဲ့မြင်လိုက်ရတာက မင်္ဂလာပွဲ သူပိုးကြေးပန်းကြေးပေးပြီး ချစ်ရေးဆို အဖြေတောင်းမဲ့ကောင်မလေးရဲ့ မင်္ဂလာပွဲ။ငတိုးတစ်ယောက် အသည်းနင့်အောင်ကွဲပြီလေ။ငတိုးတစ်ယောက် ပစ္စည်းတွေကိုလွှင့်ပစ်ပြီး အသည်းကွဲတာကုဖို့ အရက်ဆိုင်ကို လှမ်းပြီလေ။တစ်ပတ်လောက်ကြာတယ်အရက်ဆိုင်မှာ မနက် ညနေ ထိုင်သောက်ပြီး အသည်းကွဲရောဂါ ကုနေတာ။
တစ်ညနေ အိမ်ကိုပြန်တဲ့လမ်းမှာပဲ ငတိုးရေ ငတိုးရေလို့ အော်ခေါ်ပြီး သူကျောက်လိမ်ရောင်းခဲ့တဲ့ လောပန်းက နောက်ကနေ ကားနဲ့ လိုက်လာတယ်။ငတိုးလည်း လန့်ဖျန့်ပြီး ပြေးပါတော့တယ်။မပြေးလို့လည်းမရဘူး ကျောက်ဖိုးရှစ်သိန်းပြန်ပေးဖို့ကလည်း ပိုက်ဆံမရှိ။အသည်းကကွဲ မူးမူးနဲ့ ရှေ့ကနေ ခြေကုန်သုတ်ပြေး။လောပန်းကလိုက် နောက်ဆုံးမှာ လောပန်းက သူ့ကို ကျော်ပြီး ကားနဲ့ပိတ်ရပ်လိုက်မှ ဆက်မပြေးတော့တယ်။ဆက်ပြေးဖို့ကလည်း တော်တော်မောနေပြီကိုး။
လောပန်းက ကားပေါ်ကဆင်းလာပြီး ဟေ့ကောင်ငတိုး မူးမူးရူးရူးနဲ့ ဘာလို့ပြေးနေတာလဲဆိုပြီး မေးရင်း ငတိုးလက်ထဲကို ပိုက်ဆံငါးသိန်းထည့်ပေးတယ်။ငတိုးလည်းကြောင်သွားပြီ။လောပန်းက ကျောက်ဖိုးလိုက်တောင်းတယ်ထင်နေတာ။မတောင်းတဲ့ အပြင် ပိုက်ဆံငါးသိန်း ပေးနေတဲ့ အတွက် “လောပန်း ဘာလို့ပေးတာလဲလို့” ငတိုးကမေးလိုက်တယ်။မင်းရောင်းပေးတဲ့ ကျောက်ကို ဖြတ်လိုက်တာ အောင်သွားတယ်။သိန်း ၁၂၀၀ နဲ့ရောင်းရတယ်။အဲ့တာမင်းကို လပ်ကီးပေးချင်လို့ လိုက်ရှာနေတာ အခုမှတွေ့လို့ မရမကလိုက် လိုက်ပေးရတယ်။လပ်ကီး ၅သိန်းအပြင် နောက်ထပ် ၂သိန်း လောပန်းကနေ သောက်ဖို့စားဖို့ဆိုပြီး ထပ်ပေးတယ်။ငတိုးတစ်ယောက် အသည်းကွဲရောဂါ အပြင် သူများကို ကလိန်ကကျစ်ကျပြီး ရောင်းလိုက်တဲ့ကျောက်က အောင်သွားအဖြစ်ကိုကြုံလိုက်ရပါတော့တယ်။
နောက်တစ်ခါဘယ်သောအခါမှ ကလိန်ကကျစ်မလုပ်တော့ဘူးလို့ ငတိုးတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ လမ်းလျောက်ရင်း အိမ်ကိုပြန်ရောက်လာပါတော့တယ်။ Credit –
Leave a Reply