ထူးထူးဆန်းဆန်း မြန်မာပြည်ကအမှိုက်မရှိတဲ့ရွာ
အိပ်မက်များလားလို့တောင် ထင်မိတယ်။တကယ်ကြီးပါဗျာ။ကျောက်တန်းကနေ ၉. မိုင်ခွဲဝင်ရသေးတယ်။
ရွာနာမည်က. ဝဲကြီးရွာ တဲ့။ကဗျာမဆန်ပေမဲ့ ပနံရတဲ့ရွာပေါ့ ။အိမ်တိုင်းမှာအမှိုက်အိတ်လေးတွေ ရှိသလို လမ်းဘေးမှာလဲ အမှိုက်ခြင်းတွေရှိတယ်။
ထွက်လာတဲ့အမှိုက်ကို စွန့်ပစ်ဘို့ စနစ်သတ်မှတ်ထားတာကိုက ရွာရဲ့အဆင့်အတန်းပဲ။
အမှိုက်ကင်းစင်ဘို့ငွေကုန်စရာမလိုပါဘူး။စည်းကမ်းရိရင် ရပြီ။ညီညွတ်ကြရင် ရပြီ။
မြန်မာပြည်က ရွာတိုင်း၊ရပ်ကွက်တိုင်း ဒီလိုအမှိုက်ကင်းစင်ဘို့ ဘာတွေများ လိုအပ်နေပါလိမ့်။
Leave a Reply