သရုပ်ဆောင် ဒွေးက အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့အကြောင်း ပြောပြလာတဲ့ မင်းသားကြီး ကျော်သူ
မင်းသားကြီးကျော်သူကတော့အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့အတူအမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့သရုပ်ဆောင်မှုများနဲ့အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။အခုတစ်ခါမှာဆိုရင်မင်းသားကြီးကျော်သူက သရုပ်ဆောင်ဒွေးက အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့အကြောင်းကိုအခုလိုပြန်လည် ပြောပြလာခဲ့ပါတယ်နော်။
မင်းသားကြီးကျော်သူက ဒွေးက ကျွန်တော့်ရဲ့အသက်ကို ကယ်ခဲ့ဖူးတယ်၊ ကျွန်တော်ချောင်းသာမှာ Shock ဖြစ်သွားတယ်၊ နှလုံးကမခုန်တော့တဲ့အချိန်မှာ ဒွေးက အသက်ကယ်ဆေးကို မရ ရအောင်ရှာပြီး ထိုးပေးခဲ့တဲ့အတွက် ကျွန်တော် လူ့လောကကိုပြန်ရောက်တာ၊ ဒွေးဆုံးတဲ့အချိန်ကျတော့ ကျွန်တော်မကယ်နိုင်တော့ဘူး၊ ဒွေးဆုံးတုန်းကလဲ တော်တော်လေး စိတ်ထိခိုက်ခဲ့ရတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။
Leave a Reply