ဂေါက်သီးတစ်လုံးကြောင့် ဘဝပါပေးဆပ်လိုက်ရတဲ့ မိန်းမပျိုလေးရဲ့ အဖြစ်
ခင်ပွန်းဖြစ်သူက ‘ချောမော လှပ’တဲ့ သူ့ဇနီးကို ဂေါက်ရိုက် သင်ပေးရင်း‘ဂေါက်သီးဟာ တဖက်ခြံက အိမ်ပြူတင်းပေါက်မှန်ကိုထိပြီး မှန်ကွဲသွားပါလေရော!……။လင်မယားနှစ်ယောက်လည်း အဲ့ဒီ အိမ်ရှင်ကို တောင်းပန်ဖို့ ပျာပျာသလဲနဲ့ သွားကြရတာပေါ့။တဖက်အိမ်ရောက်တော့…အိမ်ရှင်လို့ထင်ရတဲ့လူတစ်ယောက်က ‘ရှေးဟောင်းမီးခွက်လေးတစ်ခုကိုကိုင်ပြီး အဆင်သင့်စောင့်နေတာ တွေ့ရပါတယ်။
ဇနီးမောင်နှံနှစ်ယောက်လည်း’ မိမိတို့ကြောင့် အိမ်ပြူတင်းပေါက်မှန် ကွဲသွားတဲ့အတွက် တောင်းပန်ပါကြောင်း မှန်အသစ် ပြန်လဲပေးပါမယ့်အကြောင်း ပြောကြတာပေါ့။အဲ့ဒီမှာ အိမ်ရှင်လူကြီးက ဘာပြန်ပြောသလဲ ဆိုတော့!… “တောင်းပန်စရာ မလိုပါဘူးဗျာ ကျုပ် ခင်ဗျားတို့ကိုတောင် ပြန်ပြီးကျေးဇူးတင်နေမိတာပါ။အမှန်က ကျုပ်ဟာ… မီးခွက်စောင့်နတ်ပါ! ဒီအိမ်ကမီးခွက်ထဲမှာ နှစ်ပေါင်း (၁၀၀) ပိတ်မိနေတာ။
ခင်ဗျားတို့ကြောင့် ပြူတင်းမှန်ကွဲသွားလို့ မီးခွက်အောက်ကျသွားတော့မှ… ကျုပ် ခုလို ‘လွတ်ကျွတ်’သွားရတာပါ!” တဲ့။“ဒါကြောင့်လည်း ခင်ဗျားတို့ကိုကျေးဇူးဆပ်ချင်လို့ စောင့်နေတာ”နှစ်ယောက်စလုံး လိုရာဆု’ကိုတောင်းကြပါ!” လို့ ပြောပါတယ်။အဲ့ဒီမှာ ဇနီးမောင်နှံနှစ်ယောက်လည်း အားရဝမ်းသာ နဲ့….. ‘ခင်ပွန်းသည်က…”မီးခွက်စောင့်နတ်မင်းခင်ဗျာ’ ကျနော်မျိုးကြီး ‘”သိန်းငါးထောင်ထီဆု(၇)ကြိမ် ပေါက်ချင်ပါတယ်!” တဲ့။
( ယခုက သိန်း ၁၅၀၀၀ ဆုမတတ်နိုင်လို့ပါ ) စာကြွင်း ။ဇနီးလုပ်သူကလည်း ”ဝင်ဒါမီယာမှာ ခြံကျယ်ရေမီးအစုံနဲ့ တိုက်ကောင်းကောင်းကြီးတစ်လုံး ပိုင်ဆိုင်ချင်ပါတယ်!တဲ့။အဲ့ဒီမှာ မီးခွက်စောင့်နတ် ဆိုသူက…… “ခင်ဗျားတို့တောင်းသမျှဆုတောင်းတွေ အားလုံးပြည့်အောင် ကျုပ် လုပ်ပေးမယ်။ဒါပေမဲ့ ကျုပ်ဆန္ဒတစ်ခုကိုတော့ အပြန်အလှန်ဖြည့်ဆည်းပေးစေချင်ပါတယ်။’ လို့ ပြောလာပါတယ်။ ဇနီးမောင်နှံကလည်း ပြောပါ ဆိုတော့……
”ကျုပ်က မီးခွက်စောင့်နတ်ဘဝနဲ့ နှစ်ပေါင်း(၁၀၀)ကျော် ဒီမီးခွက်ထဲမှာ နေလာရတော့ မိန်းမတွေနဲ့ ‘သံဝါသ’ကိစ္စ မဆက်ဆံရတာကြာပါပြီ။
ဒါကြောင့် ဒီကအမျိုးသမီးနဲ့ တစ်ကြိမ်လောက် ဆက်ဆံခွင့်ပြုပြီး ကျုပ်ဆန္ဒကို ဖြည့်ဆည်းပေးပါ” လို့ဆိုပါတယ်။ဇနီးမောင်နှံနှစ်ယောက်လည်း ခေတ္တတော့တွေဝေသွားကြပြီးဇနီးလုပ်သူက သူ့ခင်ပွန်းကို”ကျမတို့လိုချင်တာတွေပြည့်မယ်ဆိုရင်မီးခွက်စောင့်နတ်ကြီးရဲ့ဆန္ဒကိုလိုက်လျောပေးသင့်ကြောင်းလောဘစိတ်တွေနဲ့ စကားဆိုလာလေတော့’……
ထီ (၇) ခါ ပေါက်ချင်တဲ့ခင်ပွန်းကလည်း လိုက်လျောဖို့ သဘောတူလိုက်ပါတော့တယ်။ဒါနဲ့ပဲ… ဇနီးလုပ်သူလည်း ခင်ပွန်းဖြစ်သူကို ထားခဲ့ပြီး မီးခွက်စောင့်နတ်’ဆိုသူကြီးခေါ်ဆောင်ရာ အိမ်ပေါ်ထပ်မှအိပ်ခန်းထဲလိုက်သွားပြီး သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါတော့တယ်။မီးခွက်စောင့်နတ်ဆိုသူကြီး… သူ့ဆန္ဒလည်း ပြည့်ပြီးသွားရော အမျိုးသမီးကို ကြည့်ပြီး……“မိန်းခလေး! မင်း’အသက်ဘယ်လောက်ရှိပြီလဲ?” လို့ မေးပါတယ်။
“ကျမ အသက်(၃၀)ရှိပါပြီ” လို့ ဖြေတော့………… ဘာပြန်ပြောသလဲ သိလား!……??”သြော်!……အသက်(၃၀) အရွယ် ရောက်တာတောင် မီးခွက်စောင့်နတ်ဆိုတာကို ယုံနေကြတုန်းပဲနော်!’ တဲ့။ 😁😁😁😁😁
#Credit မူရင်း
Leave a Reply