နွားကျောင်းသားဘဝမှမိခင်အားရွှေပန်းကန်၊ရွှေဇွန်းနှင့်ထမင်းကျွေးနိုင်သောသူဌေးကြီးဖြစ်လာသူ
ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ မိဘကိုကူညီဖို့ နွားကျောင်းတဲ့အလုပ်ကိုလုပ်ခဲ့တယ်။ကောင်လေးရဲ့ တခြားကလေးတွေနဲ့ မတူတဲ့အချက်ကတော့စာဖတ်ဝါသနာ ကြီးလွန်းတဲ့ အချက်ပါပဲ။နွားကျောင်းရင်း ရတဲ့အချိန်ကို စာဖတ်ပါတယ်။
အိမ်ခြေနည်းပြီး ဆင်းရဲတဲ့ ရွာလေးမှာ မွေးခဲ့ပြန်တော့ စာဖတ်ချင်ရင်တောင် စာအုပ်ကရွှေထက်ရှားတယ်..(ယခုခေတ် လူတွေနဲ့များ ကွာပါ့နော်..)ရွာထဲကအိမ်တစ်အိမ်မှာ စာအုပ်ရှိတယ်ဆိုတဲ့ သတင်းကိုကြားတာနဲ့ ကောင်လေးဟာ အဲ့ဒီအိမ်ကိုသွားပြီး စာအုပ်ငှါးဖို့ ကြိုးစားတယ်။ဒီတိုင်းငှါးရင် မငှါးမှာစိုးရိမ်တဲ့အတွက် အဲ့ဒီအိမ်ရဲ့ထင်းခွဲရေခပ် စတဲ့အလုပ်တွေကို ကူလုပ်ပေပြီးမှအိမ်ရှင်ဆီက စာအုပ်ကိုငှါးခဲ့ပါတယ် ။အဲ့ဒီလောက်ထိ စာဖတ်ဝါသနာကြီးခဲ့တယ် ။စာဖတ်ဝါသနာ ကြောင့် ကောင်လေးရဲ့ ဘဝကို ပြောင်းလဲစေဖို့ တွန်းအား ပေးခဲ့တာကလည်းစာရွက်လေးတစ်ရွက်ကြောင့်ပါပဲ။တစ်နေ့မှာ ကောင်လေးဟာ နွားကျောင်းနေရင်းစာရွက်လေးတစ်ရွက် ခြုံပေါ်မှာ တင်နေတာကိုတွေ့ခဲ့တယ်။ စာဖတ်ဝါသနာကြီးတဲ့ကောင်လေးဟာ ခြုံပေါ်က စာရွက်လေးကို လှမ်းယူလိုက်တာပေါ့။
အဲ့ဒီစာရွက်လေးဟာလည်း ဆီကျော်မုန့်တစ်ခုခုထည့်ထားတဲ့ စာရွက်လေးဖြစ်ဟန်တူတယ်။ဆီတွေပေကျံနေပြီး ပုရွက်ဆ်ိတ်တွေတက်လို့ပေါ့။ ကောင်လေးဟာ ပုရွက်ဆိတ်တွေကို ခါချပြီး သစ်ပင်ရိပ်တစ်ခုမှာထိုင်ရင်း စာရွက်လေးကိုဖတ်ပါတယ်။စာရွက်လေးမှာရေးထားတဲ့စာက အောင်မြင်အောင်ရေးဆောင်းပါးတစ်ပုဒ်ထဲက စာအပိုင်းအစလေး တခုက ကောင်လေးကို ဆွဲဆောင်ခဲ့ပါတယ်။အဲ့စာလေး တစ်ကြောင်းကတော့…လယ်ကွင်းထဲမှာ ပုစွန်လုံးနှိုက်နေတဲ့ခလေးတစ်ယောက်ဟာ တစ်နေ့ နိုင်ငံ့ခေါင်းဆောင် မဖြစ်နိုင်ပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ဆိုတဲ့စာကြောင်းလေးပါ။အဲ့ဒီစာကြောင်းလေးဖတ်ပြီးနောက် ကောင်လေးဟာ စိတ်ဓာတ်တွေ တက်ကြွလာပါတယ်။ပုစွန်လုံးနှိုက်တဲ့ သူကတောင် နိုင်ငံခေါင်းဆောင်ဖြစ်နိုင်ရင် ငါကဘာလို့သူဋ္ဌေးကြီးမဖြစ်နိုင်ရမှာလဲဆိုတဲ့အတွေးနဲ့ မွေးရပ်မြေကို စွန့်ခွာပြီး မြို့ကိုတက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ဆင်းရဲလှတဲ့ မိခင်ဖြစ်သူကိုလည်း ဒီလိုမှာခဲ့သေးပါတယ်…ဒီအချိန်မှာ အမေဆင်းရဲနေလို့ ပန်ကန်ပြားမပါပဲ ဖက်နဲ့ထမင်းစားရရင်တောင် အားမငယ်ပါနဲ့….တစ်နေ့ သားချမ်းသာလာတဲ့အခါ အမေကို ရွေပန်းကန်နဲ့ ကျွေးပါ့မယ်လို့ ပြောပြီး မြို့ကိုတက်လာခဲ့တယ်။
လက်ထဲမှာတော့ မိခင်ပေးလိုက်တဲ့ ငွေ ၃၅ကျပ်ပါလာခဲ့ပါတယ်။အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ပညာရပ်တစ်ခုခု သင်ထားမှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်ထက်နားလည် တက်ကျွမ်းတဲ့သူတွေကိုချဉ်းကပ်ပြီး အကြံဥာဏ်တောင်းခဲ့တယ်။ဒီလိုနဲ့ပဲ အရမ်းအဖိုးတန်တဲ့ အကြံကောင်းတစ်ခု ဆရာသမားတစ်ယောက်ဆီကနေ ရလိုက်တယ် ။အဲ့ဒါကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့ လူတစ်ယောက်ဟာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်မယ့် အတက်ပညာရပ်တစ်ခုခုကို သင်ယူရမယ် ဆိုတဲ့ အကြံဥာဏ်ပါ။ဒီလိုနဲ့ကောင်လေးဟာ ကားဝပ်ရှော့စ် တစ်ခုမှာစက်ပြင်ပညာ သင်ကြားခွင့်ရဖို့အတွက် ကြိုးစားခဲ့တယ်။ ဝပ်ရှော့စ်ဆရာက ကောင်လေးရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး ပင်ပန်းတဲ့စက်ပြင်ပညာကို ကြာရှည်လုပ်နိုင်မယ် မထင်တဲ့အတွက်အလုပ်မခန့်ခဲ့ပါဘူး။ဒါပေမယ့်ကောင်လေးဟာဘယ်လောက်ပဲ ပင်ပန်းပါစေ သူလုပ်နိုင်တယ် ဖြစ်ကြောင်းနဲ့ စက်ပြင်ပညာကိုလည်းဆယ်နှစ်ကြာတဲ့အထိ သင်ယူလေ့လာမယ် ဖြစ်ကြောင်းကို ရဲရဲဝင့်ဝင့် ပြောခဲ့ပါတယ်။
ကောင်လေးရည်ရွယ်ထားတာက သူ့အသက်၁၅နှစ်မှာ စက်ပြင်ပညာကို စတင်သင်ကြားပြီးအသက်၂၅မှစ်မှာ ကိုယ်ပိုင်ဝပ်ရှော့စ် တစ်ခုကိုထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်းအခုလိုကတိပေးလိုက်တာဖြစ်တယ်။ကောင်လေးရဲ့ကတိစကားကိုစက်ပြင်ဆရာကလည်း လက်ခံလိုက်ပါတယ်။ဒီလိုနဲ့ စက်ပြင်ပညာကို သင်ကြားရင်း ၉နှစ်ကျော်အကြာ သူ့အသက်၂၄နှစ်အရွယ်မှာ ဆရာ့ဆီကခွဲထွက်ပြီး ကိုယ်ပိုင်ဝပ်ရှော့စ်တစ်ခုကို ထူထောင်ခဲ့ပါတယ်။ဇွဲကောင်းသလို တီထွင်ဥာဏ်ပါကောင်းတဲ့လူငယ်မှာဝပ်ရှော့စ်လုပ်ငန်းကနေမီးစက်တွေ ၊ကားတွေကိုပါ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနိုင်တဲ့အထိ အဆင့်ဆင့် တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့ပြီး…..နောက်ဆုံးမှာတော့ သူဖြစ်ချင်ခဲ့တဲ့ သူဋ္ဌေး ကြီး တစ်ဦးဖြစ်လာခဲ့ပါပြီ ။သူ့ရဲ့ကတိစကားအတိုင်းပဲ မိခင်ဖြစ်သူကိုလည်း ရွှေပန်းကန် ၊ရွှေဇွန်းနဲ့လည်း ထမင်းကျွေးနိုင် ခဲ့ပါတယ်။ဒီဇာတ်လမ်းလေး ကတော့ ပုံပြင်မဟုတ်ခဲ့ပါဘူး။ဒါကတော့ UD လုပ်ငန်းစုရဲ့တည်ထောင်သူ ဦးခင်မောင်ဝင်းရဲ့ဖြစ်ရပ်မှန် ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ မန္တလာ မြေမှသူတွေကတော့ သိလောက် မှာပါနော်။
Credit. .
Leave a Reply