“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်

“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်

“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်ကို လူတော် တော်များများလည်း သိထားကြမှာပါ။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် မှတ်သားထားနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။ အခုပြောတဲ့ ပျားဖွတ် သားတိုး စတာတွေဟာ ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့ အကုသိုလ်အလုပ်တွေလို့ ပြောလို့ရပါတယ်။ပျားဖွတ် ဆိုတာဟာ ပျားကလေးတွေ အသက်နဲ့ရင်းပြီး စုထားရတဲ့ဝတ်ရည်၊ ပျားရည်တွေ ရယူခြင်းပဲဖြစ်ပါတယ်။ သားတိုးကတော့ ကိုယ်မွေးထားတဲ့ နွား ဝက် ဆိတ် စသည်တို့ကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင်လောက်ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ရပြီ၊ ပေါ်လို့ရပြီနဲ့ တရိပ်ရိပ် အကုသိုလ်တက်နေတာမျိုးပါ။

လင်ခိုး၊ မယားခိုးတာကတော့ ပြောပစရာလိုမယ်မထင်။ ကာမပိုင်ရှိနေရဲ့သားနဲ့ ပစ်မှားတာလေ။ ပျော်ရတာ ခဏ၊ ခံရမယ့် ဝဋ်ကြွေးကတော့ မကုန်နိုင်ပဲနော်။ နွားသိုး တုတ်ရိုက်ဆိုတာကလည်း ကိုယ့်ဝှေ့စေ့ကို လက်ညိုး လက်မလေးနဲ့ညှစ်တာ မျက်ရည်စိမ်းထွက်ရင် သူများဥ အကုန်ကြေအောင်ရိုက်ချေတာ မတွေးဝံ့စရာ အကုသိုလ်ပါ။တောမီးတိုက်ကတော့ အသက်ပေါင်းများစွာ သေရတာမို့။ တောမီးတစ်ချက် မုဆိုးတစ်သက်လို့တောင် ဆိုကြပါတယ်။ မုဆိုးတံငါ ဆိုတာကတော့ သိတဲ့အတိုင်းပဲ အခွင့်သင့်တိုင်း သတ္တဝာတွေကို သတ်ပြီး အသက်မွေးရတာဆိုတော့ သာမန်လူထက် အကုသိုလ်များပာတယ်။

ဒါတွေကြောင့် သေရင် သေချာပေါက်နီးပါး အပါယ်ရောက်ရနိုင်တယ်။ နောက်ဆုံးထွက်သက် အချိန်အဓိကပေါ့။ ကိုယ်ကတစ်သက်လုံး တံငါလုပ်နေပေမယ့် အချိန်တိုင်း အကုသိုလ်လုပ်နေတာမှ မဟုတ်တာ။ ကုသိုလ်လုပ်ချိန်လည်း ရှိတာပေါ့။ အသက်ထွက်တဲ့အချိန် ကုသိုလ်သတိရပြီးသေရင် လောလောဆယ်တော့ နတ်ပြည်ရောက်မယ်။ နောက်ဘဝတွေ နောက်ဘဝတွေမှာတော့ အကုသိုလ်အကျိုး မဖြစ်မနေခံစားရမှာပေါ့။သူများသတ်ပြီးသား စားတယ်ဆိုပေမယ့် အကုသိုလ်တစ်ခုမှာ (၁)ကိုယ်တိုင်လုပ်တဲ့သူ (၂)တိုက်တွန်းတဲ့သူ (၃)ချီးမွမ်းစိတ်တူသူ ဒီလူတွေဟာ အကုသိုလ်အကျိုး အတူတူပဲလို့ အဘိဓမ္မာမှာ ဘုရားဟောလေတော့ ကိုယ်တိုင်မသတ်ပေမယ့် ကိုယ်ခိုင်းလို့သတ်ရင် ကိုယ်ကသူသတ်တာကို ဝမ်းသာနေရင် အတူတူပဲပေါ့ဗျာ။

ပြင်ဆင်ရမှာက ပုထုဇဉ်လူသားတွေဟာ အကုသိုလ်နဲ့ မကင်းတော့ ကလေးနဲ့လူကြီး မီးခဲကိုင်သလိုပေါ့။ ကလေးက မီးပူမှန်းမသိတော့ ဆုပ်ကိုင်တယ်။ ပိုပူတာပေါ့။ လူကြီးက မီးပူမှန်းသိတော့ ဖွဖွလေးကိုင်လို့ အပူသက်သာတာပေါ့။ မပူအောင်လည်း ကိုင်နိုင်တာပေါ့။ ထို့အတူပဲ အကုသိုလ်မှန်းသိတဲ့သူဟာ စိတ်အား ထက်ထက် သန်သန်နဲ့ အကုသိုလ်ကို မလုပ်ဘူး။ မလုပ်တော့ အကုသိုလ်အကျိုးပေးကို ပြင်းပြင်းထန်ထန်ကြီး မခံရဘူးပေါ့။ပြီးတော့လည်း စိတ်ထားလေးတတ်ရင် အကုသိုလ်က တောင် လွတ်အောင်လုပ်လို့ရတဲ့နည်းတွေလည်း ရှိပေတာကိုး။ တတ်နိုင်သမျှ အကုသိုလ်အလုပ် တွေနဲ့ အသက် မွေးဝမ်းကျောင်း ပြုရခြင်းမှ လွတ်ကင်းနိုင်ကြပါစေ။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *