ဖေဖေနဲ့ မေမေထက် ချောမောလွန်းတဲ့ ကလေးတွေကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ ချီးကျူးခြင်းကို ခံနေရတဲ့ ပိုင်ဇေရဲထွန်း…
ပိုင်ဇေရဲထွန်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါကအောင်မြင်ကျော်ကြာခဲ့စဉ်က နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော်ဖြစ်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ချစ်ဇနီးချောလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သားသမီး(၃)ယောက်နဲ့အတူ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားခဲ့ပါတယ်။
ကလေးတွေကလည်း အရွယ်တွေရောက်နေခဲ့ပြီဖြစ်ပြီး မောင်နှမတွေတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတာကြောင့် ပီတိတွေဖြစ်နေခဲ့ကြောင်း ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပီတိတွေနဲ့ မျှဝေပြောပြလာခဲ့ပါသေးတယ်။
“ငယ်ငယ်ကရန်ဖြစ်သလောက် ကြီးလာတော့သူတို့ကြားကိုယ်တောင်ဝင်မရတော့ဘူး။ တအားစည်းလုံးပြီးချစ်နေကြတာ”ဆိုပြီး ကလေးတွေချစ်ခင်နေကြတဲ့ ပုံလေးတွေကိုပါ မျှဝေဖော်ပြလာခဲ့ပါသေးတယ်။
Credit
Credit
Leave a Reply