လူတိုင်းစံထားထိုက်သင့်တဲ့ မင်းသမီး အိန္ဒြာကျော်ဇင် ရဲ့ စိတ်နေသဘောထား…
သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာဆိုရင် အောင်မြင်မှုတွေများစွာရရှိနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေတဲ့သူဖြစ်ပါတယ်။
သူမရရှိခဲ့တဲ့ဆုတွေက ၂၀၀၁ ခုနှစ်မှာ အချစ်လေပြေဇာတ်ကားနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၊ ၂၀၀၉ ခုနှစ်မှာဆိုရင် အတိတ်၏အရိပ်ဇာတ်ကားနှင့် Asian Academy Awards ကနေရော Golden Rooster Awards ကနေရော အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု တင်မကသေးပါဘူး သူမဟာ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိလည်း ဆုတွေအများကြီးရရှိခဲ့တဲ့ သူဖြစ်ပါတယ်။
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ လူတိုင်းစံထားထိုက်တဲ့ စိတ်နေသဘောထားကို အခုလိုပြန်လည် တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။
သရုပ်ဆောင်အိန္ဒြာကျော်ဇင်က ကိုယ့်အပေါ် ခင်ခင် မခင်ခင်၊ ကောင်းကောင်း မကောင်းကောင်း၊ ကိုယ်ကအမြဲတမ်းခင်တယ် ကိုယ်ကသူများအပေါ်အမြဲတမ်းကောင်းတယ်၊ အဲ့လိုစိတ်ပဲ ထားလိုက်တယ်၊ ကိုယ့်ကိုမချစ်ဘူး ကိုယ့်ကိုမုန်းတယ်ဆိုတဲ့လူလည်း ဪ ငါ့ကိုမုန်းတယ် ငါပြန်မုန်းမယ်ဆိုတဲ့ စိတ်မထားဘူး၊
မုန်းချင်လဲမုန်း မချစ်ချင်လဲမချစ်နဲ့ ဒါပေမယ့် အဲ့ဒါနဲ့ပတ်သတ်ပြီး အမစိတ်ထဲမှာ ဘာမှမထားဘူး၊ အမကတော့ လူတိုင်းကို မေတ္တာတရားထားတယ်၊ စိတ်ထဲမှာအားလုံးကို ချစ်ခင်တဲ့စိတ်နဲ့ပဲအရာအားလုံးကိုကြည့်တယ်၊ မေတ္တာစိတ်နဲ့ပဲ အရာအားလုံးကိုကြည့်တယ်၊ အဲ့လိုမျိုးနဲ့ပဲ သွားတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်။
Credit
Credit
Leave a Reply