Small England (သို့မဟုတ်) မြန်မာပြည် အရှေ့ဖျားက နှင်းမှုံ ချယ်ရီတွေနဲ့ လှနေတဲ့ နှင်းတောင်မြို့ကလေး…
ကျိုင်းတုံမြို့နဲ့ မိုင် (၂၀) လောက်ပဲ ဝေးတဲ့ မြို့ကလေးဖြစ်ပါတယ် .. ၊ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၅၅၄၂ မှာရှိပြီး ..သာယာလှပတဲ့တောင်စခန်းမြို့ကလေးပဲ ဖြစ်ပါတယ် ..။နှင်းတောင် မြို့ကလေး ကတော့ ရှမ်း လို လွိုင်မွေ လို့ အဓိပ္ပါယ် ရပါတယ် ၊စာရေးဆရာကြီး မောရစ်ကောလစ် ရဲ့ ရေးသားခဲ့တဲ့ နေဝင်ဘုရင်များ စာအုပ်မှာ သူ ဟာ လွိုင်မွေ ကို ရောက်ခဲ့ပါတယ် .. ။လွိုင်မွေဆိုတဲ့ မြို့ကလေးဟာ ဗြိတိသျှတို့ တည်ထောင်ခဲ့တဲ့တောင်စခန်းမြို့ကလေးပဲဖြစ်ပါတယ် ..။Small England လို့ တင်စားရလောက်အောင် လှပ ခမ်းနားပါတယ် ။
အင်္ဂလန်နိုင်ငံ အငွေ့အသက်နဲ့ အင်္ဂလန်ကသယ်ယူလာပြီး စိုက်ပျိုးထားတဲ့ စားတော်ပဲပန်းနွယ်ကလေးများကို တွေ့မိတာနဲ့ ချက်ချင်းပဲ အင်္ဂလန်ကို ပြန်ချင်စိတ် .. (အိမ်လွမ်းစိတ် )တန်းပေါ်လာပါသတဲ့ … ။ဗြိတိသျှ တို့ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းကို လွှမ်းမိုး ထိန်းချုပ်ထားနိုင်ဖို့ လွိုင်မွေ ကိုလည်း ၁၈၉၅ ခုနှစ်မှာ တောင်စခန်းမြို့အဖြစ် တည်ဆောက်ခဲ့ပါတယ် ..။၁၉၀၄ခုနှစ်မှာ တောင်ကြီး ၊ လားရှိူး ၊ ကလော ၊ လွိုင်လင် တို့နဲ့အတူ လွိုင်မွေကို သီးသန့်ဒေသ အဖြစ် ကြေငြာခဲ့ပါတယ် ..။
ကျိုင်းတုံစော်ဘွားကို အနီးကပ်အကြံပေးကွပ်ကဲဖို့ ဗြိတိသျှ နယ်ခြား ဝန်ထောက်တယောက်ဟာ လွိုင်မွေ မှာရုံးထိုင်ပါတယ် ၊လွိုင်မွေ မြို့မှာ အိန္ဒိယ စစ်သားများ ပါဝင်တဲ့နယ်ခြားစောင့်တပ်ရင်းတခု အမြဲရှိပါတယ် ။ပြည်သူ့လုပ်ငန်းဌာန ၊ သစ်တောဌာန၊ ဆေးဘက် ဆရာဝန်နဲ့ ကျန်းမာရေးဌာန၊စာတိုက်ကြေးနန်းဌာန အစရှိတဲ့ အစိုးရဌာနတွေကို တောင်စခန်းမြို့ အင်္ဂါရပ် နဲ့အညီ တည်ဆောက်ခဲ့ပါတယ် ။လွိုင်မွေနယ်မြေကို ဗြိတိသျှ တို့ကကျိုင်းတုံစော်ဘွားထံမှ တောင်းယူခဲ့ပါတယ် ..။ (ဦးမြင့်သန်း ( သမိုင်း သုတေသီ )ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြအပ်ပါတယ် )crd
Small England (သို႔မဟုတ္) ျမန္မာျပည္ အေရွ႕ဖ်ားက ႏွင္းမႈံ ခ်ယ္ရီေတြနဲ႔ လွေနတဲ့ ႏွင္းေတာင္ၿမိဳ႕ကေလး…
က်ိဳင္းတုံၿမိဳ႕နဲ႔ မိုင္ (၂၀) ေလာက္ပဲ ေဝးတဲ့ ၿမိဳ႕ကေလးျဖစ္ပါတယ္ .. ၊ပင္လယ္ေရမ်က္ႏွာျပင္ အထက္ အျမင့္ေပ ၅၅၄၂ မွာရွိၿပီး ..သာယာလွပတဲ့ေတာင္စခန္းၿမိဳ႕ကေလးပဲ ျဖစ္ပါတယ္ ..။ႏွင္းေတာင္ ၿမိဳ႕ကေလး ကေတာ့ ရွမ္း လို လြိဳင္ေမြ လို႔ အဓိပၸါယ္ ရပါတယ္ ၊စာေရးဆရာႀကီး ေမာရစ္ေကာလစ္ ရဲ႕ ေရးသားခဲ့တဲ့ ေနဝင္ဘုရင္မ်ား စာအုပ္မွာ သူ ဟာ လြိဳင္ေမြ ကို ေရာက္ခဲ့ပါတယ္ .. ။လြိဳင္ေမြဆိုတဲ့ ၿမိဳ႕ကေလးဟာ ၿဗိတိသွ်တို႔ တည္ေထာင္ခဲ့တဲ့ေတာင္စခန္းၿမိဳ႕ကေလးပဲျဖစ္ပါတယ္ ..။Small England လို႔ တင္စားရေလာက္ေအာင္ လွပ ခမ္းနားပါတယ္ ။
အဂၤလန္ႏိုင္ငံ အေငြ႕အသက္နဲ႔ အဂၤလန္ကသယ္ယူလာၿပီး စိုက္ပ်ိဳးထားတဲ့ စားေတာ္ပဲပန္းႏြယ္ကေလးမ်ားကို ေတြ႕မိတာနဲ႔ ခ်က္ခ်င္းပဲ အဂၤလန္ကို ျပန္ခ်င္စိတ္ .. (အိမ္လြမ္းစိတ္ )တန္းေပၚလာပါသတဲ့ … ။ၿဗိတိသွ် တို႔ဟာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းကို လႊမ္းမိုး ထိန္းခ်ဳပ္ထားႏိုင္ဖို႔ လြိဳင္ေမြ ကိုလည္း ၁၈၉၅ ခုႏွစ္မွာ ေတာင္စခန္းၿမိဳ႕အျဖစ္ တည္ေဆာက္ခဲ့ပါတယ္ ..။၁၉၀၄ခုႏွစ္မွာ ေတာင္ႀကီး ၊ လားရွိူး ၊ ကေလာ ၊ လြိဳင္လင္ တို႔နဲ႔အတူ လြိဳင္ေမြကို သီးသန္႔ေဒသ အျဖစ္ ေၾကျငာခဲ့ပါတယ္ ..။
က်ိဳင္းတုံေစာ္ဘြားကို အနီးကပ္အႀကံေပးကြပ္ကဲဖို႔ ၿဗိတိသွ် နယ္ျခား ဝန္ေထာက္တေယာက္ဟာ လြိဳင္ေမြ မွာ႐ုံးထိုင္ပါတယ္ ၊လြိဳင္ေမြ ၿမိဳ႕မွာ အိႏၵိယ စစ္သားမ်ား ပါဝင္တဲ့နယ္ျခားေစာင့္တပ္ရင္းတခု အၿမဲရွိပါတယ္ ။ျပည္သူ႔လုပ္ငန္းဌာန ၊ သစ္ေတာဌာန၊ ေဆးဘက္ ဆရာဝန္နဲ႔ က်န္းမာေရးဌာန၊စာတိုက္ေၾကးနန္းဌာန အစရွိတဲ့ အစိုးရဌာနေတြကို ေတာင္စခန္းၿမိဳ႕ အဂၤါရပ္ နဲ႔အညီ တည္ေဆာက္ခဲ့ပါတယ္ ။
လြိဳင္ေမြနယ္ေျမကို ၿဗိတိသွ် တို႔ကက်ိဳင္းတုံေစာ္ဘြားထံမွ ေတာင္းယူခဲ့ပါတယ္ ..။ (ဦးျမင့္သန္း ( သမိုင္း သုေတသီ )ေဆာင္းပါးမွ ထုတ္ႏႈတ္ေဖာ္ျပအပ္ပါတယ္ )crd
Leave a Reply