ခင်ပွန်းဖြစ်သူကို မကျေနပ်၍ မိထွေးမှ ခင်ပွန်း၏ သမီးဖြစ်သူကို လူမရှိတဲ့အချိန်တွင်… See more
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် အသက် ၅၀ ကျော် အရွယ်ရှိ မိထွေးဖြစ်သူ အမျိုးသမီး တစ်ဦးမှ ၎င်း၏ လင်ပါသမီးကို သတ်သည်ဟု သံသယ ရှိသဖြင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။” ပထမက လူသေမှု၊ လူပျောက်မှုတွေနဲ့အမှုဖွင့်ထားပြီး မသင်္ကာလို့ စုံစမ်းနေတာမှာ သံသယရှိသူ အမျိုးသမီးကို သူ့ရဲ့ လင်ပါ သမီးလေးကို သတ်မှုနဲ့ စစ်ဆေးနေပါတယ်၊ မူလ အောင်ပန်းမှာ ဖွင့်ထားတဲ့ လူပျောက်မှု၊ သေမှုသေခင်း အမှုတွေကို တရားရုံး စွဲတင်ပြီးရင်တော့ အမှုထင်ရှားရင် လူသတ်မှုပုဒ်မ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်” ဟု ကလောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ကျော်က ပြောသည်။
အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အေးမြင့်သာယာ၊ နယ်မြေ(၂)နေဦးကျော်ဝင်း (ခ) ဦးမောင်တူးမှ တောထဲသို့ ထင်းခုတ်သွားပြီး ပြန်ရောက်ချိန်တွင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သန်းကြည်နှင့် ပထမ အိမ်ထောင်ဖြင့် ရရှိသည့် သမီးဖြစ်သူ အသက် ၁၂ အရွယ်၊ ၄ တန်းကျောင်းသူ မဆန်းအေး တို့ကို နေအိမ်၌ မတွေ့ရှိသဖြင့်.လိုက်လံရှာဖွေရာ တွေ့ရှိခြင်း မရှိသောကြောင့် အောင်ပန်း နယ်မြေရဲစခန်းတွင် လူပျောက် အမှုဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းနောက် ဇနီးဖြစ်သူူ ဒေါ်သန်းကြည်အား ကလောမြို့၊ နှီးဘုရား အတက်လမ်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး သမီးဖြစ်သူ ရောက်ရှိနေသည့် နေရာကို မေးမြန်းရာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့သို့ ခေါ်ဆောင်သွားရာမှ
ခင်ပွန်းဖြစ်သူ ဦးကျော်ဝင်းကို မကျေနပ်၍ မဆန်းအေးအား အခြား ရထားတစ်စင်းပေါ်သို့ တင်ဆောင်ပေးလိုက်ကြောင်း ပြောဆိုခဲ့သောကြောင့် ဦးကျော်ဝင်းမှ ၎င်း၏ သမီးအား ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ ခေါ်ဆောင်သွားသည့် ဒေါ်သန်းကြည်ကို ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့ရာ အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၈၃၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့်အမှုဖွင့် ဖမ်းဆီးကာ စိတ်ကျန်းမာရေး အခြေအနေအရ ဒေါ်သန်းကြည်၊ (၅၀)နှစ်အား အာမခံဖြင့် ပြန်လည်စေလွှတ်ထားခဲ့ကြောင်း သိရသည်။
ထို့နောက် လွယ်အံကျေးရွာအနီး အနက် ၁၀ ပေခန့်ရှိ ချောက်အတွင်း၌ အရိုးစုသာ ကျန်ရှိသော အလောင်း တွေ့ရှိမှုအရ ပျောက်ဆုံးနေသည့် မဆန်းအေး၏ အဝတ်အစားများဖြင့်တိုက်ဆိုင်စစ်ဆေးကာ သေမှုသေခင်းဖြင့် ဖွင့်လှစ်၍ အာမခံဖြင့်လွှတ်ထားသူ ဒေါ်သန်းကြည်အား စစ်ဆေးနိုင်ရေး ရှာဖွေရာ တိမ်းရှောင်သွားခဲ့သဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ကလောမြို့၊ အမှတ်(၅) ရပ်ကွက်၊ ညောင်ပင်မီးပွိုင့်အနီးတွင်
တာဝန်သိပြည်သူ ၂ ဦးမှ တိမ်းရှောင်နေသူ ဒေါ်သန်းကြည်အား တွေ့ရှိကာ လက်ရဖမ်းဆီးနေစဉ် နယ်ထိန်းအဖွဲ့ ရောက်ရှိ၍ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ လင်ပါသမီး ပျောက်ဆုံးမှု၊ သေဆုံးမှုများအတွက် အမှုမှန် ပေါ်ပေါက်ရန် စစ်ဆေးနေခြင်း ဖြစ်ကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
Credit Original writer
Leave a Reply